ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၅၆၆ ဦး ရှိပြီး ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ဦး ရှိရာ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၃,၅၅၀ ဦးရှိလာကြောင်း၊ ထို့ကြောင့် ပြန်ကောင်းပြီး ဆေးရုံမှဆင်းသူ ၈၇ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။