အက်တာနာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ပြည်တွင်း အဓိကရုဏ်းများကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ကာဇက်စတန်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကာဇက်စတန်သမ္မတရုံး၊ အစိုးရဌာနအဆင့်ဆင့်နှင့် ပြည်ပအခြေစိုက် ကာဇက်စတန်ဌာနဆိုင်ရာများက နိုင်ငံတော်အလံတစ်ဝက်ချ၍ ဝမ်းနည်းအောက်မေ့ဖွယ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
အက်တာနာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) လက်ရှိ ကာဇက်စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှုရှိလာပြီး အခြေအနေအရပ်ရပ်အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံ သမ္မတ ဝဘ်ဆိုက်က ဇန်နဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုမတိုင်မီ သိမ်းပိုက်ခံထားရသည့် အုပ်ချုပ်ရေးအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရယူနိုင်ခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အဦနေရာနှင့်ဆေးကုသမှုစနစ်များ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဆိုသည်။...
နာ-ဘူလ်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ(ဟောင်း) Karim Masimov အား နိုင်ငံတော်ပုန်ကန်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နာ-ဆူလ်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
မော်စကို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ လေတပ်မှ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ကာဇက်စတန်နိုင်ငံသို့ တပ်ဖွဲ့တစ်ဖွဲ့အားစေလွှတ်ခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှ ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၌ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ပါဝင်ကြောင်း၊ ရုရှားဦးဆောင်သည့် CSTO...
နာ-ဆူလ်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၅ ရက်တွင် ကာဇက်စတန်၏ အချို့ဒေသများ၌ ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေရာအများအပြားတွင် အဓိကရုဏ်းများက အစိုးရအေဂျင်စီများသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev သည် ထိုနေ့တွင်ပင် နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာသည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။...
မော်စကို၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ အမြင့်ဆုံးအဖွဲ့ဖြစ်သော စုပေါင်းလုံခြုံရေးကောင်စီသည် ကာဇက်စတန်နိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ကောင်စီဥက္ကဋ္ဌနှင့် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan က ဇန်နဝါရီ ၆ ရက်၌ ပြောကြားခဲ့သည်။ “ကာဇက်စတန်နိုင်ငံ သမ္မတ...
NUR-SULTAN ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အရှေ့ပိုင်းဒေသရှိ Ust-Kamenogorsk မြို့ရှိ တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ ဖက်စပ်လုပ်ငန်းဖြင့် တည်ဆောက်ထားသော နျူကလီးယား လောင်စာ သိုလှောင်ရေးအစိတ်အပိုင်းတပ်ဆင်ခြင်း စက်ရုံသည် နိုဝင်ဘာ ၁၀ ရက်၌ လုပ်ငန်းစတင်လည်ပတ်ခဲ့ကြောင်း China General Nuclear Power...
NUR-SULTAN ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ယခင်နှစ်များက တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ခဲ့သည့် ကာဇက်စတန်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူများသည် မကြာမီကျင်းပမည့် ပြပွဲက တရုတ်ဈေးကွက်တိုးချဲ့ခြင်းမှ အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ပြင်းပြင်းပြပြမျှော်လင့်လျက်ရှိကြောင်း သိရသည်။
အက်တာနာ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) China Three Gorges Corporation(CTG)လက်အောက်ရှိ China International Water & Electric Corp. (CWE)မှ တာဝန်ယူတည်ဆောက်ပေးသည့် ကာဇက်စတန်နိုင်ငံ Turguson ရေအားလျှပ်စစ်စက်ရုံသည် ပြီးခဲ့သည့်ရက်က ယူနစ်အားလုံး လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။