ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် အောက်တိုဘာလအထိ ဥရောပသမဂ္ဂ (EU) ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း Eurostat က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် – ခေါန်ရိန် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန် ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခု (www.myantrade.gov.mm) အား ယခုရက်ပိုင်းမှစ၍ အကောင်အထည်ဖော်ထုတ်လွှင့်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့(Myantrade)မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ဩဂုတ်လအထိ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၉၂၈ ဒဿမ ၀၇ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၄၉၀ ဒဿမ ၂၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းမှ တဆင့် ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိကြောင်း၊ ဆက်လက်၍ အွန်လိုင်း ကုန်စည်ပြပွဲများအားဆောင်ရွက်၍ ကုန်သွယ်ရေးအား မြှင့်တင်သွားရန်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး...
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ယခုနှစ် အစောပိုင်းကာလမှစ၍ ဒေသအများစုတွင် ကပ်ရောဂါဘေးကြောင့် လေကြောင်းရေကြောင်းသွားလာမှုများ ပြတ်တောက်ချိန်တွင် တရုတ်-ဥရောပ ရထားသွားလာမှုသည် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈,၀၂၀ ဒသမ ၆၃ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁,၇၆၂ ဒသမ ၇၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်...
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲ လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin...
ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ သုံးလ အတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်...