တိုကျို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏ ဇန်နဝါရီ ၂၃ ရက် ၌ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၁၀၈ ဦးရှိခဲ့ပြီး သေဆုံးသူအများဆုံးရက်အဖြစ်...
တိုကျို၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါ ဆိုးဝါးလာမှုအခြေအနေကို ဟန့်တားရန် မြို့တော် တိုကျိုနှင့်အနီးတစ်ဝိုက်ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ထပ်မံဆောင်ရွက်ရန် အစိုးရက စဉ်းစားနေကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ ဗဟိုအစိုးရ၏ ဌာနအသီးသီး၌ အလုပ်လုပ်ကိုင်နေကြသည့် အစိုးရဝန်ထမ်းများတွင် လူငယ်ဝန်ထမ်းများ၏ အချိန်ပိုအလုပ်ဆင်း လုပ်ကိုင်ရသော အနေအထားကြောင့် အသက်(၂၀)ကျော်အရွယ် ဝန်ထမ်းငယ်များအနက် (၃၀)ရာခိုင်နှုန်း၏ အချိန်ပိုဆင်းချိန်သည် အပင်ပန်းလွန်၍ သေဆုံးနိုင်သည့် သတ်မှတ်လိုင်းထက် ကျော်လွန်နေကြောင်း ဂျပန်အစိုးရ၏ ဒီဇင်ဘာ ၂၅ ရက်က...
တိုကျို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဂျပန်နိုင်ငံတကာလေဆိပ်များ၌ အသွားအလာကန့်သတ်နေထိုင်နေရသူ ငါးဦးတွင် ဗြိတိန်နိုင်ငံ၌ ပျံ့နှံနေသည့် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ် တွေ့ရှိရကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တိုကျို၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံ Kagawa စီရင်စုရှိ ကြက်မွေးမြူရေးခြံနောက်ထပ်တစ်ခုတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် မွေးမြူထားသည့် ကြက်အကောင်ရေ ၄၈,၀၀၀ ခန့်ကို သုတ်သင်ရှင်းလင်းလိုက်ရကြောင်း Kagawa စီရင်စုက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း ၂၀၁၉ ခုနှစ်ထက် ပို၍ များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းပြီး ၎င်းမှာ ငါးနှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ကပ်ဘေးဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကျော်ကြာပြီဖြစ် သော်လည်း နျူကလီးယား ရေညစ်ညမ်းမှုအရေးကိစ္စကိုမဖြေရှင်းနိုင်သေးပေ။ ဂျပန်မီဒီယာများ၏သတင်းအရ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓါတ်အားပေးစက်ရုံရှိ သိုလှောင်ထိန်းသိမ်းထားသော နျူကလီးယားစွန့်ပစ်ရေဆိုးသည် ပြည့်လုနီးပါရှိပြီဖြစ်ရာ ဂျပန်နိုင်ငံအစိုးရက ပင်လယ်ထဲသို့ လွှတ်ထုတ်ရန် ယခုရက်ပိုင်းများတွင်...
တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် လာမည့်လတွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုအတွက် ခရီးသွားကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာက အောက်တိုဘာ ၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အောက်တိုဘာ ၈ ရက်မှစ၍ ကုန်သွယ်စီးပွားဆိုင်ရာ ဝင်ထွက်သွားလာမှုများကိုပြန်လည်ဆောင်ရွက်ရန် ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံအကြား သဘောတူညီထားကြောင်း ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ကအောက်တိုဘာ ၆ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၄ ရက် ၂၂ နာရီအထိ တစ်ရက်အတွင်း လူနာသစ် ၄၀၁ ဦး နှင့် သေဆုံးသူ ၁ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၈၅,၈၅၁ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၁,၆၀၀ဦး...