ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
စီချွန်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ယနေ့ ဇွန် ၂၃ ရက် ပေကျင်းစံတော်ချိန် ၉ နာရီ ၄၃ မိနစ်တွင် နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ စီချွန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou လမ်းညွှန်မြေပုံဂြိုလ်တုစနစ်(BDS) ၏ နောက်ဆုံးဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ကြောင်း ၊ ယင်းသည်...
ဝူဟန့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် စမ်းသပ်မှုအဆင့် ၁ ကို အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ရှီးချန်း၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ (မေ ၃၀ ရက်) တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ရန် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုနှစ်စင်းကို မေ ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၇ ရက် ပေကျင်းစံတော်ချိန် ည ၁၁ : ၂၀ နာရီက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုအသစ်တစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) ပါဝင်သော ဂြိုဟ်တုနှစ်လုံးကို စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်စင်တာမှ အာကာသသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃:၂၂ နာရီက လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကျူးချွမ်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျူးချွမ်း ဂြိုဟ်တုလွှင်တင်ရေးစင်တာမှ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုနှစ်ခုကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။