Connect with us

Science & Technology

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံဂြိုဟ်တု အုပ်စုသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအုပ်စုတင်ဆောင်ထားသော Long March-2D အား စက်တင်ဘာ ၆ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရှီးချန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအုပ်စု တင်ဆောင်ထားသည့် Long March-2D ဒုံးပျံတစ်စင်းကို စက်တင်ဘာ ၆ ရက်က လွှတ်တင်ခဲ့သည်။Yaogan-35 အုပ်စု ပဉ္စမအသုတ် ဂြိုဟ်တုများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုများမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်ပါဝင်သော ဂြိုဟ်တုအုပ်စုတင်ဆောင်ထားသော Long March-2D အား စက်တင်ဘာ ၆ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါဂြိုဟ်တုများကို အဓိကအားဖြင့် သိပ္ပံနည်းကျ စမ်းသပ်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ မြေသယံဇာတ စစ်တမ်းကောက်ယူရာတွင်လည်းကောင်း၊ လယ်ယာထွက်ကုန် အထွက်နှုန်း ခန့်မှန်းရာတွင်လည်းကောင်း၊ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးတွင်လည်းကောင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုမစ်ရှင်သည် Long March ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံများ၏ ၄၃၆ ကြိမ်မြောက် ပျံသန်းခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/zpT

—————————

China launched a Long March-2D carrier rocket on Tuesday to place a remote sensing satellite group in space xhtxs.cn/zpT

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117