ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့ နေလည် ၃နာရီ ၁၂မိနစ်ကျော်တွင် အင်အားရစ်(ခ်)တာစကေး ၄.ဝအဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ မာဒန်မြို့မြောက်ဘက် ၁၈၂ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၅.၉ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကဇန်နဝါရီ ၂၆ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၇၃ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ Putre မြို့မှ တောင်ဘက် ၇၆ ကီလိုမီတာအကွာ၌ ရစ်ချ်စကေး ၆.၃ အင်အားရှိသော ငလျင်တစ်ခု ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) နံနက် ၁း၀၆ နာရီက လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၉ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု...
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ယနေ့ တစ်ရက် တည်းတွင် ငလျင် ၂ ကြိမ် လှုပ်ရှားခဲ့ကြောင်း ၊ ဖောင်းပြင်မြို့ ၏ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာ စကေး (၄.ဝ)အဆင့်ရှိ ငလျင်သည် ယနေ့အတွက် ဒုတိယအကြိမ်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ...
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း၌ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၄ရက်နေ့ နံနက်ပိုင်းထိ အင်အားအနည်းငယ်ရှိ ငလျင် ၁၄ကြိမ်ထိ လှုပ်ခတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။