ဒမတ်စကက်စ် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးသည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဆီရီးယားကမ်းရိုးတန်း နှင့် နိုင်ငံအလယ်ပိုင်း Homs ပြည်နယ်တို့ရှိ နေရာများကို ပစ်မှတ်ထားသည့် အစ္စရေးတိုက်ခိုက်မှုအား တုံ့ပြန်ခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည်...
ဒမတ်စကပ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့လယ်တွင်ဗုဒ္ဓဟူးနေ့ကစစ်တပ်သုံးဘတ်စ်ကားတစ်စင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၄ဦး သေဆုံးပြီး အခြား၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းSANA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ထုတ်ပြန်ချက်ကိုကိုးကားဖော်ပြသည့်အဆိုပါသတင်းထဲတွင် စစ်တပ်သုံးဘတ်စ်ကား၏အောက်ခြေ၌ပေါက်ကွဲစေတတ်သည့်ကိရိယာ ၃ခုကို တပ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ကိရိယာနှစ်ခုမှာဒမတ်စကတ်မြို့လယ်ရှိ သမ္မတတံတားတွင်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲကျန်နေသည့် နောက်ထပ်ကိရိယာတစ်ခုအား ဗုံးရှင်းလင်းရေးအဖွဲ့ကရှင်းလင်းနိုင်ခဲ့ကြောင်းဆိုသည်။ တစ်ပြိုင်တည်းမှာပင်နိုင်ငံပိုင်သတင်းအေဂျင်စီကမီးလောင်ကျွမ်းသည့်အခြေအနေကိုစစ်ဆေးနေသောစစ်ဘက်အရာရှိများနှင့်မီးလောင်ကျွမ်းခဲ့သည့်ခရီးသည်တင်ဘတ်စ်ကား၏ဓာတ်ပုံများကိုထုတ်ပြန်ခဲ့သည်။ သမ္မတတံတားသည်ဒမတ်စကတ်မြို့တွင်အလွန်စည်ကားသည့်နေရာဖြစ်ပြီးမြို့ထဲသို့သွားရောက်နိုင်သောဘတ်စ်ကားများ၊မီနီဘတ်စ်ကားများနှင့်မီနီဗန်ကားများစွာရပ်နားဆိုက်ကပ်ရာသယ်ယူပို့ဆောင်ရေး၏အဓိကအချက်အချာနေရာတစ်ခုဖြစ်သည်။...
အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ဆီးရီးယားဒုက္ခသည်အရေအတွက်သည် ၃ ဒသမ ၇ သန်းကျော်လွန်သွားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည့် စက်တင်ဘာလထိ တရားဝင်အချက်အလက်များအရ သိရသည်။
မော်စကို ၊စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယားနိုင်ငံအနေဖြင့် အဓိကကြုံတွေ့နေရသော ပြဿနာမှာ ယင်းနိုင်ငံအစိတ်အပိုင်းအချို့တွင် နိုင်ငံခြားတပ်များ ခွင့်ပြုချက်မဲ့ ဝင်ရောက် တပ်စွဲထားခြင်းကြောင့်ပင်ဖြစ်ကြောင်း ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆီးရီးယားနိုင်ငံသမ္မတအာဆက်အား ကရင်မလင်နန်းတော်၌ စက်တင်ဘာ ၁၄ ရက်တွင် လက်ခံတွေ့ဆုံစဉ် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ပြောကြားလိုက်သည်။
ဒမတ်စကပ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်တွင် ယခင်က သူပုန်များတပ်စွဲထားရာနေရာများ၌ စစ်တပ်ဝင်ရောက်လာပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ထောင်နှင့်ချီသောပြည်သူများသည် ၎င်းတို့၏ နေအိမ်များသို့ အသီးသီး စတင်ပြန်လာနေပြီဖြစ်ကြောင်း SANA နိုင်ငံသတင်းအေဂျင်စီက ဖော်ပြထားသည်။
ဒမတ်စကပ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ကာလကြာရှည် တင်းမာမှုကို ထိန်းသိမ်းရန် ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်မှ လက်နက်ကိုင်အမျိုးသားများအား နိုင်ငံမြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားသောနယ်မြေများသို့ ဩဂုတ် ၂၆ ရက်က ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA...
ဒမတ်စကပ်စ် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားအပေါ်ချမှတ်ထားသောအနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံတကာ ဥပဒေအားချိုးဖောက်ရာရောက်ကြောင်းဝေဖန်ပြောကြားခဲ့ပြီး အရေးယူပိတ်ဆို့မှုများ အားလုံးကို လုံးဝရုပ်သိမ်းပေးရန် ဆီးရီးယား ပါလီမန်ဥက္ကဋ္ဌ Hammouda Sabbagh က သြဂုတ် ၂၄ ရက်တွင် တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA တွင်ဖော်ပြထားသည်။
ဒမတ်စကပ်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) လိမ္မော်ရောင်အနားကွပ်ထားသော အညိုရောင် တူညီဝတ်စုံများအား ဦးထုပ်များဖြင့် တွဲဖက်ဝတ်ဆင်လျက် ဒေါင်းရောဂါလက္ခဏာရှိသော (Down Syndrome) ဆီးရီးယား လူငယ်များစွာသည် Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် စားပွဲများအကြား ကူးလူးသွားလာရင်း ဝန်ဆောင်မှုပေးနေကြသလို အချို့မှာ ဘား (bar) အနောက်ဘက်၌...
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) က ပံ့ပိုးကူညီသော COVID-19 ကာကွယ်ဆေး ၁၅၀,၀၀၀ သည် ဇူလိုင် ၂၈ ရက်က ပေကျင်းမြို့မှ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း တရုတ် ကြက်ခြေနီဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ ကာကွယ်ဆေးများ ရရှိမှုနှင့် သယ်ယူပို့ဆောင်မှု...
ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။