နန်ချန်း ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ရေချိုကန် ဖြစ်သည့် ပေါယန်ရေကန် နှင့် ယန်ဇီမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်စောင့်ရှောက်ရန် ရေနေသက်ရှိသတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးစင်တာအား မကြာသေးမီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တူညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ နှင့် ရည်မှန်းချက်များ ရှိပြီး ပူးပေါင်းဆောင်ရွက်မှုအလားအလာ ကြီးမားကြောင်း ၊ နှစ်ဘက်လုံးက ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းတိုင်ပင်မှုများမှတစ်ဆင့် ပင်လယ်ရေကြောင်းကိစ္စရပ်များအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းသွားရန် ၊ ရေနံ နှင့် ဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ဆက်လက်ဆောင်ရွက်သွားရေးအား သဘောတူညီခဲ့ကြောင်း...
တရုတ်နိုင်ငံသည် COVID-19 ကိစ္စရပ်ကို နိုင်ငံရေးသဘော သက်ဝင်လုပ်ဆောင်မည့်အစား ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းခြင်း အပေါ် အာရုံစိုက်သွားမည် ဖြစ်ပြီး နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်မှု မြှင့်တင်ကာ ကပ်ရောဂါအား ဆောလျင်စွာ အနိုင်ယူရန် ပူးပေါင်းကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Dnq ————————— China calls...
တရုတ်နိုင်ငံရှိ ထိပ်တန်း စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ထုတ်လုပ်သူများသည် လျင်မြန်သော ဈေးကွက်တိုးချဲ့မှုနှင့် မူဝါဒအားပေးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း ရောင်းချမှုများ အားကောင်းစွာ တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/Dlg #China #NEV #Sale #တရုတ်နိုင်ငံ #စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် #ရောင်းချမှု #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar...
တရုတ်နိုင်ငံ၏ ပြန်လည်ဖွင့်လှစ်တော့မည့် နယ်စပ်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး နှင့် ခရီးသွားလုပ်ငန်းအား ပြန်လည်သက်ဝင်လှုပ်ရှားလာစေမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/DjP —————————- China’s reopening to revitalize Cambodia’s economy, tourism: PM China’s upcoming reopening...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းက ပြီးခဲ့သောနှစ်တွင် တရုတ်နိုင်ငံ၏ ထူးခြားသောအောင်မြင်ဖြစ်ထွန်းမှုများအား ပြသခဲ့ပြီး ကမ္ဘာအား မျှော်လင့်ချက် နှင့် ယုံကြည်ချက်ကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ကမ္ဘာတစ်ဝှမ်းမှ လေ့လာအကဲခတ်သူများက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Dix —————————– World Insights: Int’l community says...
တရုတ်နိုင်ငံသည် COVID-19 ရောဂါတုံ့ပြန်ရေးအစီအမံများအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သောကြောင့် ပြည်ပစီးပွားရေးအဖွဲ့အစည်းများ နှင့် ရင်းနှီးမြှုပ်နှံသူ အများအပြားက တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် စတင်လာခဲ့ကြောင်း ပါကစ္စတန် စီးပွားရေးပညာရှင်တစ်ဦးက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Dib ————————– More foreign businesses invest in China...
ယနေ့တရုတ်နိုင်ငံသည် မျှော်မှန်းချက်များ အမှန်တကယ်လက်တွေ့ဖြစ်လာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများအား ကိုးကား၍ ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/DfT ————————— Today’s China is country where dreams become reality: Xi...
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ရှေ့သို့ဆက်သွားနေသည်နှင့်အမျှ ကြိုးစားအားထုတ်မှုမှတစ်ဆင့် အံ့ဩဖွယ်ဖြစ်ရပ်များအား စွမ်းဆောင်နိုင်မည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ၂၀၂၃ ခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Df8 ————————– China to perform miracles through hard work:...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံတစ်နိုင်ငံသည် လူငယ်များ တိုးတက်ကြီးပွားမှသာ ဂုဏ်ရှိန်မြင့်တက်မည် ဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့၏ လူငယ်မျိုးဆက်ကို ကြီးမားသော မျှော်မှန်းချက်များ ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Dga ——————————- Xi expresses great...