တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ငွေသုံးစွဲမှု အဆင်ပြေစေမည့် အခြေအနေအား အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ တရုတ်နိုင်ငံသို့ ဈေးဝယ်ထွက်ရန် အလည်အပတ် လာရောက်မှုများမှာ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း၏ ရေပန်းစားသော အလေ့အထသစ်တစ်ခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ခရီးသွားဧည့်သည်များ ပြန်လည်ထွက်ခွာချိန် အခွန်ပြန်အမ်းသည့် မူဝါဒအား သင့်လျော်စွာ ချိန်ညှိထားသော အစီအမံများကို ဧပြီလနှောင်းပိုင်းက...
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား စည်းကြပ်ခွန် ပြင်ဆင်ချိန်ညှိမှုများဆိုင်ရာ အဆင့်မြင့် သဘောတူညီမှုအား မကြာမီက ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ပြည်ပကုန်သွယ်ရေး ကုမ္ပဏီများ၏ လည်ပတ်လုပ်ကိုင်မှုများမှာ သိသိသာသာ မြင့်တက်လျက်ရှိသည်။ အမေရိကန် ဝယ်လက်များ၏ တစ်ကျော့ပြန် ဝယ်လိုအားနှင့် ပြည့်မီစေရန် Bluesail Medical ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှုစနစ် ၁၂...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပလျက်ရှိသည့် ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲသို့ မေ ၂၅ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ ယခုနှစ် ကုန်စည်ပြပွဲမှာ အဆင့်မြင့်...
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပလျက်ရှိသည့် ၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲသို့ မေ ၂၅ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာအားကောင်းစေရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မေ ၂၄ ရက်၌ တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် တာကျိုးမြို့တွင် မေ ၂၁ ရက်က နဂါးလှေလှော်ပြိုင်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်ကာ လေးရက်ကြာကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၌ နိုင်ငံတစ်ဝန်း နဂါးလှေလှော်အသင်း ၃၅ သင်းမှ ပြိုင်ပွဲဝင် ၇၀၀ နီးပါးက ကျိုးဟယ်မြစ်အတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုပြိုင်ပွဲ၌ ဒေသတွင်း ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးသည့် ဆက်စပ်အစီအစဉ်အမျိုးမျိုးလည်း...
ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တစ်ချိန်က ရှေးခေတ်မင်းဆက် ၁၃ ဆက်၏ မြို့တော်ဖြစ်ခဲ့သလို များပြားလှသည့် ယဉ်ကျေးမှု အမွေအနှစ်နေရာများလည်း တည်ရှိရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် လော့ယန်မြို့မှာ “တရုတ်နိုင်ငံ၏ သမိုင်းဖြစ်စဉ် ထက်ဝက်” အား တွေ့ကြုံခဲ့သည့် ရှေးဟောင်းမြို့အဖြစ် ထင်ရှားလှပေသည်။ ထိုရတနာများအနက်...
ဂြိုဟ်ပတ်လမ်းအတိုင်း လှည့်ပတ်နေသော တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများမှာ ၎င်းတို့၏ ပထမဆုံး အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်တာများကို မေ ၂၂ ရက်က ပြီးမြောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) ၏ အဆိုအရ သိရသည်။ အာကာသယာဉ်မှူး သုံးဦးဖြစ်သည့် ချန်တုန်း၊ ချန်ကျုံးရွှေ့နှင့် ဝမ်ကျယ်တို့မှာ...
ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မည်သူ့ကိုမှ ဦးတည်ပစ်မှတ်ထားခြင်းမရှိသလို မည်သူ့ကိုမှလည်း ယှဉ်ပြိုင်စိန်ခေါ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယင်းနှင့် ဆက်စပ်မေးမြန်းမှုတစ်ခုကို...
တရုတ်နိုင်ငံက ဂြိုဟ်တုခြောက်စင်း တင်ဆောင်ထားသည့် Lijian-1 Y7 သယ်ဆောင်ရေးဒုံးပျံယာဉ်အား မေ ၂၁ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စီးပွားဖြစ် လေကြောင်းနှင့် အာကာသ တီထွင်ဆန်းသစ်မှု ရှေ့ပြေးစမ်းသပ်ဇုန်မှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင်...