ပေကျင်း ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံအဖြစ် ကိုယ်တိုင် အပြည့်အဝတည်ဆောက်နိုင်ရေး ခရီးသစ်တစ်ခုအား စတင်ခဲ့ပြီ ဖြစ်ကြောင်း နှင့် ယင်းမှာ အာရှ-ပစိဖိတ်ဒေသအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးသွားမည်ကြောင်း ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် Chang’e-5 မစ်ရှင်က ပြန်လည်ယူဆောင်လာသည့် တတိယအသုတ် လနမူနာများ၏ အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်းက ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
နန်နင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) နောက်ဆုံး ဥမင်လိုဏ်ခေါင်းအားယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဖောက်လုပ်မှုပြီးစီးခြင်းနှင့်အတူ တရုတ်-ဗီယက်နမ် နယ်စပ်သို့ တရုတ်မြန်နှုန်းမြင့်ရထားများ ရောက်ရှိလာမည့် ရထားလမ်း တည်ဆောက်မှုသည် အရေးပါသည့် ခြေလှမ်းသစ်တစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၄၆ ဒသမ ၉ ကီလိုမီတာ...
ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်းစာ ကို စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ် (ဆဌမအသုတ်)အဖြစ် ကာကွယ်ဆေး အကြိမ်ရေ ၄ သန်းစာသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသမိုင်းကြောင်းမှာ အထောက်အပံ့ပေးလျက်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ကြာရှည်စွာရပ်တည်နေသည့် တရုတ်နိုင်ငံသည် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို လက်ခံကျင်းပရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယခုရုပ်သံဖိုင်မှာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးအတွက် တံခါးများကျယ်ပြန့်စွာဖွင့်လှစ်ထားပြီးဖြစ်ကြောင်းကို တင်ဆက်ထားသည့် မှတ်တမ်းရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) …………………………… (English Version)...
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၄ ရက် ညပိုင်းက စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်ပြီး “တံခါးဖွင့်သည့် နွေဦးလေညှင်းနှင့်အတူ ကမ္ဘာကို နွေးထွေးစေမည်” ဟူသော ခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် သမ္မတရှီက...
ထိုက်ယွမ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ Long March 6 ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် Guangmu ဟု အမည်ပေးထားသော ကမ္ဘာမြေသိပ္ပံပညာရပ်ဆိုင်ရာဂြိုဟ်တု (Earth Science Satellite) (ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံဂြိုဟ်တု ၁) ကို နိုဝင်ဘာ ၅ ရက်၊ ဒေသစံတော်ချိန် နံနက်...
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ပေကျင်းမြို့နှင့် ကျန်းကျားခို မြို့များတွင် ၂၀၂၂ ခုနှစ်ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများကျင်းပခွင့် ရရှိခဲ့သည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အဆင့်မီ အားကစားကွင်းများ သည် ဆောင်းရာသီ အားကစားပြိုင်ပွဲများကို စီစဉ်ထားသည့်အတိုင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အဆိုပါ...
ပေကျင်း၊နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)