ရှန်ဟိုင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ပြုလုပ်မည့် ပထမဆုံး တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE) အတွက် လာဘ်ကောင်အဖြစ် လည်စည်းပဝါစည်းထားသော ပန်ဒါ ကျင်းပေါင် (Jinbao) ပုံအား ပွဲဖြစ်မြောက်ရေးအဖွဲ့က ဇူလိုင်လ ၂၇...
ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အစိုးရက အိမ်ခြံမြေဝယ်ယူခွင့် ကန့်သတ်ချက်များကို ဆက်လက်ထားရှိနေသောကြောင့် မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ဧပြီလအတွင်း တည်ငြိမ်နေကြောင်း မေလ ၁၆ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
ကုလသမဂ္ဂ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ မသွားမီ ကုလသမဂ္ဂအခြေစိုက် တရုတ်နိုင်ငံမီဒီယာများမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာတွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်မူဝါဒ ကျင့်သုံးပြီး နှစ်ပေါင်း ၄၀ ကာလ...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏တပင်တိုင်ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ သည် ၎င်း၏ နှစ်ပတ်လည်အစည်းအဝေးပွဲအား ပေကျင်းမြို့၌ မတ်လ ၃ရက် နေ့လည်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး “ကြီးကျယ်ခမ်းနားသော ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံတော်” ဆီသို့ အရောက်လှမ်းမည့် နိုင်ငံတော်၏ရည်ရွယ်ချက်ပန်းတိုင် အတွက် အစီအစဉ်သစ်များ ဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း ကျေးလက်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၆ သန်း ကျော်ကို ဖန်တီးပေးခဲ့ကြောင်း အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း၊ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းတွင်၂ဝ၁၇ ခုနှစ်၌ ပြည်တွင်းရုပ်ရှင်ဇာတ်ကားများက ဈေးကွက်၏ ၅၃.၈၄ ရာခိုင်နှုန်းအထိ တိုးတက်ပါဝင်လာခြင်းနှင့်အတူ ဝင်ငွေ တရုတ်ယွမ် ၅၅.၉ ဘီလီယံ( အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ) ရရှိခဲ့ရာ ၁၃.၄၅ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းစာ ၊ ပုံနိုပ်ထုတ်ဝေမှု...
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်သစ်ဆုမွန်ကောင်း စကားဆိုရာတွင် ၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုစကားဆိုခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျ်ရာကီတီရာဘာ မာဟီဒိုလ် သည် တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၇ရက်မှ ၉ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Geng Shuang က စက်တင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော် အုပ်ချုပ်ရေးဆိုင်ရာစင်တာသစ် တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှေးဟောင်းအုတ်ဂူပေါင်း ၁,၀၉၂ခု အား တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက နိုဝင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။