ထိုက်ယွမ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၄ ရက် ပေကျင်းစံတော်ချိန် ည ၆ နာရီ ၅၁ မိနစ်အချိန်တွင် ပထမဆုံး နေစကြဝဠာ စူးစမ်းလေ့လာရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
စိန်ရန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်းယန်(Wang Yang) သည် ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum နှင့် အောက်တိုဘာ ၁၂ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကူမင်းဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေ ထူထောင်ရန် ယွမ် ၁ ဒသမ ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၃၃ သန်းခန့်) ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဦးဆောင်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ရှီသည် ဇီဝမျိုးစုံမျိုးစိတ်ကွဲများဆိုင်ရာ...
ထိုက်ယွမ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်၌ အောင်တိုဘာ ၁၀ ရက် နေ့လည်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယဉ်ကျေးမှုအမွေအနှစ်နေရာ စုစုပေါင်း ၁,၇၆၃ ခုအား ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတို့တွင် အဓိက အမျိုးသားအဆင့်...
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများသည် ကျယ်ပြန့်လာနေပြီး ၎င်းတို့၏ ပေါက်ဖွားမှုအကောင်ရေမှာလည်း တိုးပွားလာကြောင်း နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သော စက္ကဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးသူဦးရေကို အသင့်အတင့်ကြွယ်ဝချမ်းသာသောလူ့အဖွဲ့အစည်း ရရှိစေရေး အကူအညီပေးခဲ့ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြခဲ့သည်။ ယင်း၏ ပကတိအောင်မြင်နိုင်သည့်အခြေအနေများအား လက်တွေ့ကျသော အကဲဖြတ်ချက် နှင့် ပြဿနာ၏ အခြေခံအကြောင်းရင်းများအား...
ကျိနန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန် ထမ်းဆောင်ရန်အတွက် စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် Qingdao မြို့မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၏ ၃၉ ကြိမ်မြောက် ရေယာဉ်အုပ်စု ထွက်ခွာသွားကြောင်း သိရသည်။...