ဟာရာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) သယံဇာတပေါကြွယ်ဝသော တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေနိုင်ငံသည် များပြားလှသော ဓာတ်သတ္တုကြွယ်ဝမှုမှ ပိုမိုအမြတ်အစွန်းများ ရရှိစေရန်အလို့ငှါ ဓာတ်သတ္တုထုတ်လုပ်မှုအား တိုးမြှင့်ကာ အကျိုးကျေးဇူးများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စုပြုံဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မကြာသေးမီက ဟောင်ကောင်ခရီးစဉ်သည် ဂရုစိုက်မှု ၊ ယုံကြည်မှု နှင့် မျှော်လင့်ချက် သတင်းစကားအား သယ်ဆောင်ခဲ့ကာ အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း “တစ်နိုင်ငံစနစ်နှစ်မျိုး”လက်တွေ့ကျင့်သုံးမှုကို အားကောင်းသောမြှင့်တင်မှုပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးက ရေးသားဖော်ပြခဲ့သည်။
ဝူးလူမုချီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အဝေးပြေး လမ်းမသစ် လေးလမ်းအား ဇွန် ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်းရှိ အမြန်လမ်းများ၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်းသို့ ၂၀၂၂ ခုနှစ် လှူဒါန်းမှုအစီအစဉ်အနေဖြင့် ကျပ်သန်း ၂၀ ကျော်တန်ဖိုးရှိ နေ့စဉ်စားသောက်ကုန်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ သံရုံးအနေဖြင့် မေရီချက်(ပ်)မင်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျောင်းသားများ၏ ကျန်းမာရေး နှင့်...
ဟောင်ကောင် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) အမိမြေ၏ ခိုင်မာသောအားပေးထောက်ခံမှုဖြင့် ဟောင်ကောင်သည် ပြီးခဲ့သော ၂၅ နှစ်အတွင်း အန္တရာယ်များအား ဖယ်ရှားခဲ့ပြီး စိန်ခေါ်မှုများအား ကျော်လွှားလွန်မြောက်ခဲ့ကာ ချမ်းသာဝပြောခြင်း နှင့် တည်ငြိမ်ခြင်းကို ထိန်းသိမ်းခဲ့ကြောင်း ၊ “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး”မူသည် လက်တွေ့ နှင့် အချိန်၏...
ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ 5G ဖုန်း တင်ပို့မှုများသည် ယခုနှစ် မေလတွင် အလုံးရေ ၁၇ ဒသမ ၇၄ သန်းအထိ ရှိပြီး နှစ်အလိုက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာအကယ်ဒမီ(CAICT)၏...
ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဖျော်ယမကာရောင်းချမှုသည် ယခုနှစ်ပထမငါးလတာအတွင်း နှစ်အလိုက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍရှိ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမငါးလတာအတွင်း နှစ်ဆတိုးပွားလာကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းထံမှ သိရသည်။
ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံခေါင်းဆောင်များ ၁၄ ကြိမ်မြောက် အစည်းအဝေးသို့ ဇွန် ၂၃ ရက် ညပိုင်း ပေကျင်းမြို့မှ ဗီဒီယိုလင့်ခ်ဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာ၊ ဘရာဇီးနိုင်ငံ သမ္မတ ဘိုဆိုနာရို...
ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်က ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိကမ္ဘာသည် နှစ်တစ်ရာ အပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ ရောယှက်လျက်ရှိပြီး လုံခြုံရေးကဏ္ဍစိန်ခေါ်မှုအမျိုးမျိုး မပြတ်ဖြစ်ပေါ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရေး...