ချန်ရှား ၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ၇၉ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၈ ဦးအား အုတ်ကျိုးအုတ်ပဲ့များကြားမှ ဆွဲထုတ် ကယ်တင်နိုင်ခဲ့ကြောင်း အခင်းဖြစ်နေရာရှိ ဆင်ဟွာသတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။
ချန်ချွမ်း ၊မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဧပြီ ၃၀ ရက်တွင် အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာ အဖွားအိုတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ စွမ်းဆောင်နိုင်ရန် ယုံကြည်မှု ၊ လုပ်နိုင်စွမ်းများ နှင့် အခြေအနေများ ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်ရေးဆွဲသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်...
ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အိုမီခရွန်မျိုးဗီဇကွဲအား တိုက်ဖျက်ရေးကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်မှုများကို သုံးလေးလအတွင်း အဆုံးသတ်ရန် မျှော်မှန်းထားပြီး အသုံးပြုရန် တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကာကွယ်ဆေး ထုတ်လုပ်သူက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ကြိုတင်လက်တွေ့သုတေသနပြုရာတွင် ကာကွယ်ဆေးသည် အိုမီခရွန်မျိုးဗီဇကွဲအား တိုက်ဖျက်ရာ၌...
ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ဧပြီ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို အလွန်ဆိုးယုတ်သော လုပ်ရပ်တစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများအား ရှာဖွေနှိမ်နှင်းရန် ပါကစ္စတန်နိုင်ငံနှင့်အတူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူများအား...
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအကြောင်း ပြောဆိုရန် အမှန်တကယ်အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် လုပ်သင့်သည်မှာ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တရားမဝင်ထိန်းချုပ်ထားခြင်းကို ချက်ချင်းရုတ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အီမန်နျူရယ်မက်ခရွန်အား ပြင်သစ်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဧပြီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ(NEAs)၏ အန္တရာယ်များမှ ဂြိုဟ်အား ကာကွယ်စောင့်ရှောက်ရေးအတွက် စောင့်ကြည့်ရေး နှင့် ကာကွယ်ရေးစနစ်များအား တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။