ဟိုင်ခို၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်က ကမ္ဘာ့အရှားပါးဆုံးပရိုင်းမိတ်များအနက် တစ်မျိုးဖြစ်သည့် ဟိုင်နန်မျောက်လွှဲကျော်များ ကာကွယ်ထိန်းသိမ်းရေးအတွက် နည်းလမ်းမျိုးစုံ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ကြိုးပမ်းမှုများတွင် သစ်တောပျိုးထောင်ခြင်းဖြင့် ၎င်းတို့၏ နေထိုင်ကျက်စားရာနေရာများ ပြန်လည် ထူထောင်ခြင်း ၊ ပုံမှန်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခြင်း ၊ သိပ္ပံဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားပေးမြှင့်တင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး...
ဟန်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ စတုတ္ထအကြိမ်မြောက် အာရှမသန်စွမ်းအားကစားပွဲအား အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ ဟန်ကျိုးအာရှမသန်စွမ်းအားကစားပွဲအား အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၄၄ ခုမှ အားကစားသမား ၃,၁၀၀...
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်း၌ ၁၉ ကြိမ်မြောက် တရုတ် Wuqiao နိုင်ငံတကာ ဆပ်ကပ်ပွဲတော်အား အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ ယင်းပွဲတော်တွင် ကျွမ်းဘားအလှကစားခြင်းများနှင့် ဆပ်ကပ်အနုပညာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအား ပြသတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပွဲတော်အတွင်း...
ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် လန်ဖောင်မြို့ရှိ သယ်ယူပို့ဆောင်ရေးဇုန်တစ်ခုမှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်သော ကုန်တင်ရထားတစ်စင်းသည် အောက်တိုဘာ ၂၀ ရက်တွင် ထွက်ခွာသွားခဲ့ပြီး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်းသစ် စတင်ခြင်း အမှတ်လက္ခဏာ ဖြစ်လာခဲ့သည်။
ဟိုင်ခို၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းမှ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ၅၈၀ နီးပါး ဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ကြွေထည် ၊ မြေအိုးနှင့် သစ်သားများ ပါဝင်သည့် ရုပ်ကြွင်းပစ္စည်းများသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘိုးဘေးများက...
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဂါဇာဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှု ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီတွင် အတည်မပြုနိုင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အံ့ဩစိတ်ပျက်ခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………. (English Version)...
ဟဲပေ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်၌ တည်ရှိသည့် ရှေးဟောင်းမဟာတံတိုင်းတွင် မြင့်မားသော တောင်တန်းများနှင့် တိမ်တိုက်များက ပတ်လည်ဝိုင်းရံလျက်ရှိနေခဲ့သည်။ နဂါးကြီးတစ်ကောင်ကဲ့သို့ မဟာတံတိုင်းက တိမ်ပင်လယ်နှင့် တောင်ထိပ်များကြားတွင် တည်ရှိနေပြီး ကြီးကျယ်ခမ်းနားသောရှုခင်းတစ်ခုကို ဖန်တီးပေးနေကြောင်း သိရသည်။ မဟာတံတိုင်း၏ ဟဲပေပြည်နယ်ရှိ အပိုင်းအား မတ်စောက်သောမီးတောင်ကြောတစ်ခုအပေါ်တွင် တည်ဆောက်ထားခြင်း...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်က သမိုင်းဝင်အခွင့်အလမ်းများ ပေးအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua) ………………………………. (English Version) GLOBALink | Guterres says...
ဖနွမ်းပင်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိ(ပ်)ပြည်နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ဆီယမ်ရိ(ပ်) အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) သည် အောက်တိုဘာ ၁၆ ရက်က လုပ်ငန်းများ စတင်လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဆီယမ်ရိ(ပ်)...
ဟောင်ကောင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) တွင် နက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုက ဟောင်ကောင်ဒေသအတွက် အဆုံးအစမဲ့ စီးပွားရေးအခွင့်အလမ်းများအား ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်ကာ အနာဂတ်မျှော်မှန်းချက်အား ပြည့်ဝစေလိမ့်မည် ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရအဖွဲ့၏ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ...