ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီး အစည်းအဝေးကို “‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ အရည်အသွေးမြင့် အတူတည်ဆောက်ခြင်းဖြင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအတူ တည်ဆောက်မည်” ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည်...
ကွေ့ယန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကွေ့ယန်-ကွမ်ကျိုး မြန်နှုန်းမြင့်ရထားလမ်းကို တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၂၅၀ မှ ၃၀၀ အထိ တိုးမြှင့်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ခြင်း- လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၏ အဓိကဖော်ဆောင်မှု》စက္ကူဖြူစာတမ်းကို အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မြေထဲပင်လယ်ဒေသပုံစံ ဒီဇိုင်း၊ ကမ္ဘာ့စားသောက်ဖွယ်ရာနှင့် ခမ်းနားသော ဖက်ရှင်ဆိုင်များ အပြင်အဆင်များဖြင့် ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Mediterranea” သည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့နှင့် ဖူကူအိုကာမြို့သို့ ခရီးပြုရန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့မှ စက်တင်ဘာ ၃၀ ရက်က ထွက်ခွာလာခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပါဝင်သောနိုင်ငံများအနေဖြင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။
ဝူဟန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဝူဟန့်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ နယ်စပ်ဒေသရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့သည်။ ယခုရက်ပိုင်းများတွင် အစောပိုင်းကာလ...