ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဝူဟန့်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ နယ်စပ်ဒေသရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့သည်။ ယခုရက်ပိုင်းများတွင် အစောပိုင်းကာလ...
ဟန်ကျိုး၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် ညပိုင်းက ဟန်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့သည်။ အာရှအားကစားပွဲ ကျင်းပခဲ့သည့် ၁၆ ရက်ကြာ ကာလတွင်...
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဆောင်းဦးလယ်ပွဲတော်နှင့် အောက်တိုဘာ ၆ ရက်တွင် ကုန်ဆုံးခဲ့သော အမျိုးသားနေ့အားလပ်ရက် ကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းဈေးကွက်၏ ဝင်ငွေမှာ ယွမ် ၇၅၃.၄ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၀၃.၂ ဘီလီယံခန့်) ရှိခဲ့ကြောင်း တရားဝင်စာရင်းများ၌ ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တရုတ်နိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းတွင်...
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် အောက်တိုဘာ ၈ ရက်၌ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီသည်...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် အားကစားအဖွဲ့များ အောက်တိုဘာ ၇ ရက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အတွင်းရေးမှူးက “ ကျွန်တော်တို့ ဒီနေ့ မွန်းလွဲ...
ဆိုချီ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် “အလားအလာကောင်းမွန်လျက်ရှိကြောင်း” နှင့် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ရေးရာများတွင် အရေးကြီး တည်ငြိမ်သော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။...
ကင်ရှာဆာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံ (DRC) အရှေ့တောင်ပိုင်း Lualaba ပြည်နယ်တွင် တည်ရှိပြီး တရုတ်ကုမ္ပဏီမှ ငွေကြေးပံ့ပိုး၍ တည်ဆောက်ထားသော တရုတ်-ကွန်ဂို ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်သည့် Busanga ရေအားလျှပ်စစ်စက်ရုံကို ကွန်ဂို (DRC) သမ္မတ Felix Tshisekedi က အောက်တိုဘာ ၆...