ဟန်ကျိုး၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ဇူလိုင် ၁ ရက်မှစ၍ နွေရက်များ၏ အပူဒဏ်မှ ရှောင်ရှားကာ အေးမြစွာ အနားယူနိုင်ရန် မြို့သူမြို့သားများအတွက် လေကြောင်းရန်ကာကွယ်ရေး မြေအောက် ဥမင်လိုဏ်ခေါင်း နေရာ ၆ ခုကို အခမဲ့ ၂ လတာ...
နန်ကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) နွေရက်ကာလများတွင် တရုတ်နိုင်ငံ နန်ကျင်းမြို့ ရွှမ်ဝူရေကန်ဥယျာဉ်အတွင်း ကြာရွက်များသည် ပိုမိုထူထပ်လာပြီး ကြာပန်း ရှုစားရန် တံတားငယ် လမ်းလေးသည် ၎င်းတို့ကြားတွင် ပုန်းလျှိုးကွယ်လျှိုးရှိကာ စိတ်ကူးယဉ်ဆန်သည့် နတ်ဘုံသို့ ဦးတည်နေသည့် လျို့ဝှက်လမ်းကြောင်းလေးတစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။ ယင်းနေရာက မြို့သူမြို့သား ခရီးသွားဧည့်သည်များအား အပန်းဖြေလမ်းလျှောက်ရန်၊...
ပေကျင်း၊ ဇွန်လိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ဥရောပသမဂ္ဂ၊ ဗြိတိန်၊ တောင်ကိုရီးယားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ တို့မှ တင်သွင်းသော သံမဏိချောင်း၊ သံမဏိပြားနှင့် သံမဏိကွိုင်များအပေါ် လျှော့ဈေးဖြင့် ပုံအောရောင်းချခြင်းအား တန်ပြန်အခွန် (anti-dumping) ဆိုင်ရာ စည်းမျဉ်းများကို ဇွန် ၃၀ ရက်...
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေကြီးရေလျှံမှုဒဏ်ခံစားရသော ကွေ့ကျိုးပြည်နယ်နှင့် ဟူနန်ပြည်နယ်တို့အတွက် သဘာဝဘေးသက်သာလျော့ပါးရေး အရေးပေါ်ရန်ပုံငွေ၌ ယွမ် သန်း ၁၄၀ ထပ်မံလျာထားသတ်မှတ်ကြောင်း ဇွန် ၃၀ ရက်က ကြေညာခဲ့သည်။ အဆိုပါ ရန်ပုံငွေသည် ဇွန် ၂၃ ရက်က ယခင်...
ကုလသမဂ္ဂ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ရေရှည်အပစ်ရပ်ရေးကို ချက်ချင်းဖော်ဆောင်ရန် အပြင်းအထန် တောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၃၀ ရက် လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဖုချုံးက လက်ရှိ အရှေ့အလယ်ပိုင်းဒေသသည် ပြင်းထန်သည့်ကစဉ့်ကလျားအဖြစ်သို့ ကျဆင်းလျက်ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် ဂုဏ်ပြုခြင်းအထိမ်းအမှတ်နှင့် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲကို မြန်မာနိုင်ငံရှိ တရုတ်စာသင်ကျောင်းများနှင့် အနုပညာအထက်တန်းကျောင်း (ရန်ကုန်) တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ လူငယ် ယဉ်ကျေးမှုဆိုင်ရာတင်ဆက်ဖျော်ဖြေမှုများဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ဇွန် ၂၉ ရက်က...
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် စက်မှုလုပ်ငန်းများ ပိုမိုများပြားလာကာ အဆင့်မြင့်နည်းပညာနှင့် စားသုံးကုန် ထုတ်လုပ်မှုများ ပိုမိုအားကောင်းလာခြင်းကြောင့် ဇွန်လအတွင်း ပိုမိုအရှိန်အဟုန်ရလာခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်ယူရေးအညွှန်းကိန်း PMI သည်...
ကျီနန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရာသီဥတုမှုပြောင်းလဲမှုများနှင့် သဘာဝအရင်းအမြစ်များ လျော့နည်းလာမှုတို့သည် ကမ္ဘာတစ်ဝန်းရှိ သမားရိုးကျ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ သိသိသာသာဖြစ်ပေါ်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနည်းပညာကို အလေးထားလျက်ရှိသည်။ ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရာ အဓိကဒေသများတွင် မိုးခေါင်ရေရှားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော်လည်း မျိုးစေ့ထုတ်လုပ်မှု၊ စမတ်စိုက်ပျိုးရေးနှင့် နည်းပညာနားလည်တတ်ကျွမ်းသော...
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇွန် ၃၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဆင်ဟွာသတင်းဌာနသို့ လာရောက်လည်ပတ်သည့် ဂရိမီဒီယာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်နှင့် ဂရိနိုင်ငံတို့သည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံကြီးများ ဖြစ်သည့်အလျောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် သမိုင်းကြောင်းကြာရှည်ကာ...
သည်ဟိတ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဧရာမကြီးမားသည့် ဈေးကွက်အလားအလာနှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် ရှိသည့် အချက်အချာကျသည့် အနေအထားကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက ဆက်တိုက်ဝင်ရောက်ကာ တရုတ်ဈေးကွက်အခင်းအကျင်းကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း KPMG တရုတ်စီးပွားရေးသုတေသနဌာန အကြီးအကဲ ချိုက်ဝေက မကြာမီရက်ပိုင်း ဆင်ဟွာသတင်းထောက်၏...