ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonnaနှင့် ဩဂုတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။
နန်နင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နှင့် လေတပ်တို့၏ ဝေဟင်နှင့် ရေပြင်ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသည် အာကာသကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်လျက်ရှိသလို အကျိုးကျေးဇူးရှိသော ရလဒ်များလည်း ရရှိနေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီအရ သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း တိုးတက်မှုပိုမိုလျင်မြန်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၏ ဒစ်ဂျစ်တယ်စီးပွားရေး တန်ဖိုးမြှင့်ထုတ်ကုန်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ယွမ် ၉၁၈.၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇.၅ ဘီလီယံခန့်) အထိ ရောက်ရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၈.၇ ရာခိုင်နှုန်းရှိကာ ယင်းမြို့ဂျီဒီပီ၏ ၄၄.၅...
ရွှမ်းအန်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ညချမ်းအချိန် ရောက်ရှိလာသည့်အခါ တရုတ်နိုင်ငံ ဟူပေပြည်နယ် ရွှမ်းအန်း ခရိုင်မြို့လေး၏ ညခရီးသွားကဏ္ဍက စည်းကားသိုက်မြိုက်လာသည်။ ဟူပေပြည်နယ်၊ အန်းရှီး ထူလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ ရွှမ်းအန်း ခရိုင်သည် မြို့ကို ဖြတ်သန်းစီးဆင်းသွားသည့် ကုန်ရွှေမြစ်ကို ဗဟိုပြု၍ “ရှုမျှော်ခင်းနှင့်မြို့ပြ တစ်သားတည်းရှိစေရေး၊...
ကုလသမဂ္ဂ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ယူကရိန်း ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၁၇ ရက်တွင် ပြုလုပ်သော ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုအပေါ် လုံခြုံရေးကောင်စီ၏ စိစစ်သုံးသပ်မှု အစည်းအဝေး၌ ပြောကြားခဲ့သည်။...
ကူမင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် ဆောင်ရွက်နိုင်သည့်ကဏ္ဍ များစွာ ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဖက်ကုန်သွယ်ရေးသည် နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်က ကျင်းပသော...
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း တိုးတက်မှုပိုမိုလျင်မြန်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ယခင်လက သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၈.၄ ဘီလီယံ ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဆိုပါ တိုးတက်မှုနှုန်းမှာ ဇွန်လကထက်...
နန်နင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လယ်သမားများသည် တရုတ်စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များက တီထွင်ထားသော စပ်မျိုးစပါးတစ်မျိုးဖြစ်သော ၂ မီတာအမြင့်ရှိသော “ဧရာမစပါးပင်” အမြောက်အမြားရိတ်သိမ်းလျက်ရှိသည်။ တရုတ်နိုင်ငံတွင် အဆိုပါ စပ်မျိုးစပါး၏ လွတ်လပ်သောဉာဏမူပိုင်ခွင့် အပြည့်အဝရှိသည်။ ထိုစပါးမှာ ပုံမှန်စပါးမျိုးထက် နှစ်ဆမြင့်မားကြောင်း...