မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သပ်လျှို၍ အဖုအထစ်ဖြစ်စေရန် လုပ်ဆောင်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားအောင် အားထုတ်ကြိုးပမ်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်...
ဟောင်ကောင် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ နဂါးလှေပြိုင်ပွဲကို ဟောင်ကောင်မှာကျင်းပလျက်ရှိပါတယ်။ ဟောင်ကောင်မှာ ကိုဗစ်ကပ်ရောဂါကူးစက်ဆဲ ကာလဖြစ်နေသော်လည်း ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံခြုံစွာပဲ ဒီတနဂ်နွေနေ့မှာ လှေပြိုင်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ပြိုင်ပွဲကို ကိုလုံအနောက်ပိုင်း (West Kowloon) မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုရဲ့ ဖျော်ဖြေရေးကွင်းပြင်မှာ အထူးပြုလုပ်ထားတဲ့ လှေငယ်တွေကို...
တိုင်ပေ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ ကပ်ရောဂါညွှန်ကြားမှုစင်တာ၏ ဇွန်လ ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၇၅ ဦးရှိပြီး ၁၇၄ ဦးမှာ ဒေသတွင်း ထပ်မံကူးစက်ခံရမှုဖြစ်ပြီး တစ်ဦးမှာ ပြင်ပမှဝင်ရောက်လာမှုဖြစ်ကြောင်း ၊ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူများအနက် ထပ်မံသေဆုံးသူ...
ကိုလံဘို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်ထားသော တောင်အာရှ၏ အကြီးဆုံး အမျိုးသားကျောက်ကပ်အထူးကုဆေးရုံကြီးကို ပြီးခဲ့သည့် သောကြာနေ့က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းဆေးရုံတည်ဆောက်ရေးအတွက် ယခင်သီရိလင်္ကာသမ္မတ Maithripala Sirisena က ၂၀၁၅ ခုနှစ်...
ဟဲနန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်ရိုးရာနဂါးလှေပွဲတော်မတိုင်မီ “The Prayer” ဟု အမည်ရသည့် ရေအောက် အက ဖျော်ဖြေပွဲကို ကျန်းကျိုးတွင် မျက်စိပသာဒဖြစ်ဖွယ်တင်ဆက်ခဲ့သည်။ ထိုအကမှာ နာမည်ကျော်ရှေးခေတ် တရုတ်ရိုးရာ ပန်းချီကားတစ်ခုဖြစ်သည့် “နတ်သမီး Luo ၏ ကြီးမြတ်သောလှပမှုတမ်းချင်း” ကို ဖော်ကျူးကပြထားခြင်းဖြစ်သည်။ အက...
ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန် ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဌာနချင်း ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ (ISPR) ဌာန၏ ကြေညာချက်တွင်...
ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် Jovian စနစ်၊ အင်္ဂါဂြိုဟ်မှ နမူနာများ စုဆောင်ခြင်းနှင့် လ၏ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး အပါအဝင် အာကာသအစီအစဉ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၂...
ဗီယင်နာ ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ သဘောတူညီချက် အသစ် ပြန်လည်လိုက်နာရေး နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ဇွန် ၁၂ ရက်၌ သြစတြီးယားနိုင်ငံ ဗီယင်နာတွင်ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံဆွေးနွေးမှု ကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ ဗီယင်နာ အခြေစိုက်...
ကဘူးလ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ က အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၂ ရက်၌ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani ၊...