နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်သည်...
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ထူးချွန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် ဟွမ်ရှုဟွာနှင့် ဇန်းချင်ချွမ်းတို့အား တရုတ်နိုင်ငံ၏ သိပ္ပံပညာရပ်ဆိုင်ရာ အဆင့်မြင့်ဆုံး ဆုတံဆိပ်ကို ဇန်နဝါရီ ၁၀ ရက်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို ဝါရှင်တန်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာန (MOC) က ဇန်နဝါရီ ၉ ရက်၌ ပြောကြားလိုက်သည်။
ကိုင်ရို၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၈ ရက်က တွေ့ဆုံကာ မဟာဗျူဟာမြောက် သံတမန်ဆက်ဆံရေး ဆွေးနွေးမှုတစ်ခု ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလုပ်ငန်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့် နွေဦးပွဲတော် ကာလ ခရီးသွားရာသီအတွက် လုံခြုံရေး စိတ်ချရစေရန် လှုံ့ဆော်မှုတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရှီးချန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၇ ရက် ပေကျင်းစံတော်ချိန် ည ၁၁ : ၂၀ နာရီက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုအသစ်တစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံတို့သည် ပေကျင်းမြို့၌ ဇန်နဝါရီ ၆ ရက်က ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခီရီဘာတီ (Kiribati) နိုင်ငံ သမ္မတ တန်နက်တီ မမ်မာအူ (Taneti Mamau) နှင့် ၎င်း၏နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးပြန်လည်စတင်ခြင်းဖြင့် သမိုင်းကြောင်းမှန်ကန်မှုဘက်ခြမ်းတွင် ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် မမ်မာအူနှင့်...
ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှုစတင်ရန် အမိန့်ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ဗဟိုစစ်ကော်မရှင်(CMC) ၏ ပထမဦးဆုံးထုတ်ပြန်သော အမိန့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။