ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယုံကြည်မှုခိုင်မာရန် အလွန်အရေးကြီးပြီး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ပြုမူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယနေ့ မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အာဖရိကသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၈၀ ကျော်အား အရေးပေါ်အကူအညီများ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေးက မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မတ် ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် COVID-19 ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ G20 ခေါင်းဆောင်များ၏ အထူးအစည်းအဝေး တစ်ခုကို ပေကျင်းမြို့မှနေ၍ ပါဝင် တက်ရောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ရင်က ယနေ့မတ် ၂၅ ရက်တွင်...
ရွှေလီ၊မတ် ၂၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံCOVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီထောက်ပံ့ရန် ဂျက်မားဖောင်ဒေးရှင်း (JACK MA FOUNDATION) အပါအဝင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများမှ N95 နှာခေါင်းစည်းများ ၊ Nucleic Acid Testing(NAT)စမ်းသပ်ပစ္စည်းများ စသည့် ကျန်းမာရေး ထောက်ပံ့ပစ္စည်းများကို မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုပင်ဟေဂင်၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ COVID-19 တိုက်ဖျက်ရေး မရှိမဖြစ် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမှုသည် ဒိန်းမတ်နိုင်ငံသား အင်တာနက်သုံးစွဲသူများအကြား ရေပန်းစားလာခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ငါးရက်ဆက်တိုက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါ အသစ်ဖြစ်ပွားသူမရှိခဲ့ဘဲ မတ် ၂၃ ရက်၌ ရောဂါပိုးရှိကြောင်း အတည်ပြုလူနာအသစ်တစ်ဦးသာ ရှိခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ထောက်ပံ့ပေးပို့သော COVID-19 ရောဂါစမ်းသပ်ကိရိယာ ၈၀၀,၀၀၀ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသို့ မတ် ၂၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ရှမန်လေကြောင်းက ပြောကြားခဲ့သည်။