ပေကျင်း၊ မတ် ၂၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)
ဘဲလ်ဂရိတ်၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဆားဘီးယားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီအားဖြည့်ဆောင်ရွက်ပေးရန်အတွက် တရုတ်နိုင်ငံ ပညာရှင် ၆ ဦးပါဝင်သည့်အဖွဲ့သည် မတ် ၂၁ ရက် ညပိုင်းက အထူးလေယာဉ် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဝူဟန့် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၂၁ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်မှု အသစ် မရှိခဲ့ကြောင်း နှင့် ယင်းမှာ ဗိုင်းရပ်စ်ကြောင့် လူအသေအပျောက်ဖြစ်ပေါ်ခဲ့ရပြီး ကူးစက်ရောဂါတိုက်ဖျက်မှုအား ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသော ဟူပေပြည်နယ် ဝူဟန့်မြို့အတွက် လေးရက်ဆက်တိုက် ရောဂါကူးစက်မှု အသစ်...
လူဘယ်လ်ဂျားနား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆလိုဗေးနီးယားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း အခုရေ ၃၀၀,၀၀၀ သည် ဘယ်လ်ဂျီယံနိုင်ငံမှတစ်ဆင့် လူဘယ်လ်ဂျားနားမြို့သို့ မတ် ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နီကိုးဆီးရား၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း ဆိုက်ပရပ်စ် သမ္မတ နီကို့စ် အန်နက်စ်တေးရှားဒီးစ် (Nicos Anastasiades) က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုလွယ်ကူစေရန်နှင့် အလုပ်ခန့်ထားမှုသေချာစေရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် မတ် ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန့်၊ ကွမ်ကျိုး၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားချိန်တွင် ယင်းပြည်နယ်သို့ နွေဦးပွဲတော်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် စုစုပေါင်း ၁,၆၃၁ ဦးအား ၎င်းတို့၏ လုပ်ငန်းခွင်များရှိရာ နိုင်ငံတောင်ပိုင်း ကုန်ထုတ်လုပ်မှု ဗဟိုအချက်အချာ ကွမ်တုန်းပြည်နယ်သို့...
ရှီးကျားကျွမ်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် 5G ကွန်ရက်တည်ဆောက်မှု အရှိန်မြှင့်တင်ရန် ယခုနှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်း ၁၅,၀၀၀ ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက မတ် ၂၀ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စစ်တပ်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် nucleic acid ရောဂါစမ်းသပ်ကိရိယာများ၊ ရောဂါကာကွယ်ရေးဝတ်စုံနှင့် တစ်ခါသုံး နှာခေါင်းစည်းများ အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းများအား အီရန်နိုင်ငံ စစ်တပ်သို့ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၉...