ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ လီခဲ့ချန်၊ လိကျန့်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်၊ ကျောက်လဲ့ကျိ၊ ဟန်ကျိန့်နှင့် ဝမ်ချီဆန်း တို့သည် မတ် ၃၀ ရက်တွင် ပေကျင်းမြို့ တာ့ရှင်းခရိုင် ဟွမ်ချွန်းမြို့နယ်၌ မြို့တော်စေတနာ့သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။(Xinhua)...
ဖနွမ်းပင်၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinovac COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်ကို သယ်ဆောင်လာသော လေယာဉ်တစ်စင်းသည် အားဖြည့်ကာကွယ်ဆေး (booster shot) ထိုးနှံရေး ဆောင်ရွက်နေသည့် ကမ္ဘောဒီးယားနိုင်ငံ မြို့တော်သို့ မတ် ၂၉ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နန်နင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးနန်နင်းမှ ချုံကျော်အထိ စုစုပေါင်းအရှည် ၅,၇၂၅ မီတာရှိ Liucun ဥမင်လိုဏ်ခေါင်း၏ ဆက်ကြောင်းမဲ့ ရထားသံလမ်ကို မတ် ၂၉ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ 5G ချိတ်ဆက်မှု အရေအတွက်သည် ၂၀၂၅ ခုနှစ်မကုန်မီအထိ ၈၉၂ သန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာ မိုဘိုင်းအော်ပရေတာ အသင်းတစ်ခုဖြစ်သော GSMA ၏ မကြာသေးခင်က လေ့လာမှုအရ သိရသည်။
ကွေ့တိန့်၊ မတ် ၂၉ ရက်(ဆင်ဟွာ) လက်ရှိ CCCC Second Highway Engineering Co.,Ltdနှင့်CCCC Fourth Highway Engineering Co.,Ltd.တို့ တာဝန်ယူတည်ဆောက်နေသည့် တရုတ်နိုင်ငံကွေ့ကျိုးပြည်နယ် ကွေ့-ဟွမ် မြန်နှုန်းမြင့် အဝေးပြေး ပင်မလမ်းတည်ဆောက်မှုသည် ပြီးစီးတော့မည်ဖြစ်ရာ ယခုနှစ်အတွင်း လမ်းကြောင်းအပြည့် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆားပါး မြို့နယ် ကမ်းရိုးတန်းဒေသ ကမ်းလွန် လေအားလျှပ်စစ်စက်ရုံသည် ယခုနှစ် မတ် ၂၅ ရက်ထိဆိုလျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၁ ဘီလီယံကျော် ထုတ်လုပ်ပြီးဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ယင်းထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားပမာဏသည်...
ခတ္တမန္ဒူ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားခတ္တမန္ဒူမြို့ သမ္မတ အိမ်တော်တွင် မတ် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ နီပေါနိုင်ငံ သမ္မတ ဘန်ဒါရီက ဝမ်ရိအား သမ္မတရှီကျင့်ဖိန်သို့ နှုတ်ခွန်းဆက်သကြောင်းနှင့် သမ္မတရှီကျင့်ဖိန် ၂၀၁၉ ခုနှစ် နီပေါသို့လာရောက်သည့်...
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ ယွန်းဆက်ယို (Yoon Suk-yeol) နှင့် မတ် ၂၅ ရက် မွန်းလွဲပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ Yuen Long မြို့တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ မတ် ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဟောင်ကောင်၌ ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့်...