ဟဲဖေး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေးမြို့တွင် ဖုန်ရာလိုဆိုသော အမျိုးသားသည် ၂၀၁၇ ခုနှစ်က မတော်တဆမှုတစ်ခုကြောင့် သုံးနှစ်ကျော်ကြာ သတိမေ့မြောနေခဲ့သည်။ ၎င်း၏ ချစ်သူမိန်းကလေး လျိုနင်သည် ဖုန်အား စွန့်ခွာမသွားဘဲ အနား၌နေထိုင်လျက် စောင့်ရှောက်ပေးခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၂၅ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၈၂ ဦး ရှိရာ ၎င်းတို့အနက်...
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရှီကျားကျွမ်းမြို့နှင့် ခရိုင်မြို့နယ်ဒေသအသီးသီးကို ဇန်နဝါရီ ၂၃ ရက်မှစ၍ အဆင့်ခွဲ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်ကျော်သွားလာလှုပ်ရှားမှုများကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီကျားကျွမ်းမြို့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အစ်မန်လီယာ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီဂျစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ အား Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။
ဟောင်ကောင်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ဇန်နဝါရီ ၂၃ ရက်တွင် ရောဂါဖြစ်ပွားသည့်နေရာအား ပထမဆုံးအကြိမ်အဖြစ် လော့ခ်ဒေါင်းပြုလုပ်ခဲ့သည်။ ဟောင်ကောင် Jordanဒေသ၏ ကန့်သတ်နယ်မြေအတွင်း အသွားအလာ ကန့်သတ်ထားသူများ မဖြစ်မနေ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူကြရမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း တစ်စုတစ်စည်းတည်း စီမံမှုများအရ ပေကျင်းမြို့တွင် အဓိက လူအုပ်စုများ၏ ဒုတိယမြောက် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဇန်နဝါရီ ၂၂ ရက်တွင် စတင်၍ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။
ဖူအယ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဖူအယ်မြို့ စီးမော်ဒေသမှ လျန်ချန်း လားဟူတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်သို့ သွားရောက်သည့် စီးလန် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။ စီးလန် အဝေးပြေးလမ်းမ၏ ပင်မလမ်းကြောင်း စုစုပေါင်းအရှည်မှာ (၁၂၅) ကီလိုမီတာ...
လားဆ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် 5G အခြေစိုက်စခန်း၂,၈၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ထျန်းကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် ကျန်းမာရေးတာဝန်ရှိသူများသည် မကြာသေးမီက မြို့အတွင်းသို့ ပြည်ပမှ ဝင်ရောက်လာသော COVID-19 ရောဂါကူးစက်မှုတစ်ခု၌ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ဗီဇပြောင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးတရုတ်နိုင်ငံ ပေကျင်းမြို့ အရှေ့ပိုင်း တုန်းချိန်ဒေသ နှင့် အနောက်ပိုင်း ရှီးချိန်ဒေသတို့၏ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု ညွှန်ကြားရေးအဖွဲ့ က လတ်တလောကာလအတွင်း ပြင်ပမှ COVID-19 ရောဂါ ဝင်ရောက်သည့် အန္တရာယ်မြင့်တက်လာသောကြောင့် ယင်းဒေသနှစ်ခုရှိ...