ကျန့်ကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စက်တင်ဘာလ ၆ ရက်ကညက ဆပ်ကပ်ပြပွဲတစ်ခုအတွင်း ကျားပေါက်စတစ်ကောင် လှောင်အိမ်မှ လွတ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် (Angela Merkel) နှင့် စက်တင်ဘာလ ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသား ကိုယ်ကျင့်သိက္ခာရှိသော စံပြပုဂ္ဂိုလ် ၅၈ ဦးအား စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ်သည့် အခမ်းအနား၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ၎င်းတို့သည် အဆိုပါ ဂုဏ်ပြုဆု ချီးမြှင့်ခံရသည့် သတ္တမမြောက်အဖွဲ့ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ ၅ ရက်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ချုံချင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေတွင် ကျင်းပခဲ့သော 2019 Smart China Expo တွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၈၁၆.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅.၇ ဘီလီယံ) တန်ဖိုးရှိ စီမံကိန်း ၅၃၀ အား လက်မှတ်ရေးထိုးခဲ့ကြောင်း...
ဝူရုမုချိ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xinjiang Uygur) တွင် ၂ဝ၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေသခံများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အထောက်အကူပြုတွန်းအားပေးနေသည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင်အသစ်ပေါင်း ၃၂,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။