ဗီယင်ကျန်း၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) “လန်ချန်း”ကျည်ဆန်ရထားတွဲကြီးကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ပြီးစ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာကြီးသို့ ပို့ဆောင်၍ Laos-China Railway Co., Ltd သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် “လန်ချန်း” ကျည်ဆန်ရထား လွှဲပြောင်းပေးအပ်ပွဲ...
ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်ဝါဒနှင့် ပြုပြင်ပြောင်းလဲရေးဖြင့် မောင်းနှင်နေခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှု ရရှိရန် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ကမ္ဘာကြီးအား မျှဝေသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီသည် တရုတ်နိုင်ငံ တောင်ပိုင်း...
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လမ်းပန်းဆက်သွယ်ရေး ကွန်ဖရင့်သို့ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ “ကမ္ဘာနှင့်ကူးလူးဆက်ဆံသော ခေတ်ကာလနှင့်လျော်ညီသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ရှေ့သို့လျှောက်လှမ်းမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ထိုသို့...
ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၂၇၅၈ ကိုဆန့်ကျင်ကာ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ ထပ်ဖန်တလဲလဲ ပုံဖျက်ပြောဆိုမှုများနှင့်ဝေဖန်မှုများကို တရုတ်ပြည်မအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ပြပွဲအတွင်း၏ အွန်လိုင်းပြပွဲ ပြင်ဆင်မှုကာလကို အောက်တိုဘာ ၁၃ ရက်၌ စတင်လိုက်ပြီး နိုင်ငံအသီးသီးမှ ၎င်းတို့၏ ယကျေးမှု၊ စက်မှုလုပ်ငန်းသွင်ပြင်လက္ခဏာများနှင့် ကုန်စည်များအား ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဟူးဟောက်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ နယ်စပ် Erenhot ကုန်တင်ကုန်ချစခန်း တွင် အင်္ဂါနေ့အထိ ယခုနှစ်အတွင်း ဖြတ်သန်းသွားသည့် တရုတ်-ဥရောပ ကုန်တင်ရထားအစီးရေ စုစုပေါင်း ၂,၁၀၃ စီးရှိရာ ပြီးခဲ့သည့်နှစ်ထက် ၁၆ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဒေသဆိုင်ရာ ရထားအာဏာပိုင်များ၏ ပြောကြားချက်အရ...
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ကာကွယ်မှုမြှင့်တင်ရေး ကုလသမဂ္ဂ အဓိကအစည်းအဝေးတွင် ကမ္ဘာပေါ်ရှိ သက်ရှိအာလုံးပါဝင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် အောက်တိုဘာ ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကူမင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (COP15) တွင် ကူမင်းကြေညာချက်ကို အောက်တိုဘာ ၁၃ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။