ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) တို့သည် မြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း...
ပေကျင်း၊ မတ် ၁၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပြည်သူ့အားကစားစီမံကိန်းများကို ထောက်ပံ့ရန် ဗဟိုဘတ်ဂျက်မှ ယခုနှစ်အတွက် ရန်ပုံငွေ ပထမအသုတ် ခွဲဝေသတ်မှတ်ခဲ့ကြောင်း ထိပ်တန်း စီးပွားရေးစီမံခန့်ခွဲမှုအဖွဲ့ဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်က မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။
ဝူဟန့် ၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ မတ် ၁၇ ရက်က COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူအသစ် တစ်ဦးသာ ရှိကြောင်း နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လိဂျ်၊ ဘယ်လ်ဂျီယံ၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဥရောပတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ဘယ်လ်ဂျီယံနိုင်ငံ လိဂျ်မြို့သို့ မတ် ၁၃ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အဦဖြစ်သည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာဖြစ်သော ရှန်ဟိုင်းတာဝါရှိ ရှုခင်းကြည့်ခန်းမအား မတ် ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြူနီစီပယ်က ဆိုးလ်၊ တီဟီရန်၊ တိုကျိုနှင့် ယိုကိုဟားမား မြို့များ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးလုပ်ငန်းအတွက် ကူညီရန် ကျန်းမာရေးသုံး သီးသန့်ဝတ်စုံများနှင့် လက်အိတ်များ အပါအဝင် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ဖြစ်ပွားမှုအထွတ်အထိပ်ကာလကို ကျော်လွန်သွားပြီဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ မူကြို၊ မူလတန်း၊ အလယ်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကျောင်းများ အတွက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ခြင်းနှင့် ကုသခြင်းများဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်လိုက်ကြောင်း တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက (MOE) ထံမှ သိရသည်။အဆိုပါ လမ်းညွှန်ချက်များတွင် ဗိုင်းရပ်စ်အကြောင်း အခြေခံဗဟုသုတ၊...
ချန်တူး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ လေးဦးနှင့် အီတလီ ဘာသာစကားကျွမ်းကျင်သူ ဘာသာပြန်တစ်ဦးတို့သည် အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်မှုအတွက် ကူညီရန် မတ် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဘရက်ဆဲလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၀,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့ရာ ဥရောပတိုက်၌ ရောဂါကူးစက်မှုဒဏ်အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံအား လက်ကမ်းကူညီမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အပြင်းအထန်ခံစားနေရချိန်တွင် အီတလီနိုင်ငံက စာနာထောက်ထားမှု ၊ ကူညီဖေးမမှုကို လုပ်ဆောင်ခဲ့ခြင်းအပေါ်...