တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည်...
ဟန်ကျိုး ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံအတွင်း အချက်အလက်သိမ်းဆည်းခြင်း ၊ ကွန်ပြူတာနည်းပညာ နှင့် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုခြင်းဖြင့် အဓိကမြို့ကြီးများမှာ သန့်ရှင်းလှပအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်ပေးခဲ့သည်။
ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန် ဗိုင်းရပ်စ်ပိုး အလျင်အမြန်စမ်းသပ် ကိရိယာ ၂၀,၀၀၀ အား မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံက ထပ်မံလှူဒါန်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
အယ်လ်ဂျီးယားစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာအကူအညီများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် မတ် ၂၇ ရက်က အယ်လ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ) လတ်တလောရက်ပိုင်း အတွင်း ဥရောပ တိုက် ရှိ နိုင်ငံ အသီးသီး တွင် COVID-19 ရောဂါ ပိုမို ပျံ့ပွား လာသဖြင့် “လေကြောင်း ပိုးလမ်းမ” လေယာဉ် ခရီးစဉ် နှင့် တရုတ်-ဥရောပ ရထားလမ်း...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗိုင်းရပ်စ်ဟူသည် နယ်စည်းထားခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အားအကောင်းဆုံးသော ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေး ကမ္ဘာလုံးဆိုင်ရာကွန်ရက် တည်ဆောက်ရန် အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ် ၂၆ ရက်တွင် အလေးထားပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို ကာကွယ်ပေးရန် လက်တွေ့ကျပြီး ထိရောက်သော ဆောင်ရွက်ချက်များလုပ်ဆောင်ပေးမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲကို နားလည်ပါကြောင်းနှင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား တတ်နိုင်သမျှကူညီသွားရန် အသင့်ရှိပါကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့်...
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် နှာခေါင်းစည်း(Mask)များ ၊ အကာအကွယ်ဝတ်စုံများ နှင့် စမ်းသပ်ကိရိယာများ ပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယ အသုတ် ဆေးပစ္စည်း ကိရိယာများအား မတ် ၂၆ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန်...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမြှင့်တင်ရန်၊ ဈေးကွက်အခွင့်အလမ်း ချဲ့ထွင်ရန်၊ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရန်နှင့် သွင်းကုန်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်သောကမ္ဘာ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။