ဘေရွတ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရောက် တရုတ်နိုင်ငံ၏ အသုတ် ၂၀မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးအဖွဲ့သည် မကြာသေးမီရက်က လက်ဘနွန်နိုင်ငံ၊ Nabatiyah ပြည်နယ်၊ Ibile Sege ကျေးရွာသို့ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက်...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) လာအိုအစိုးရက ဒီဇင်ဘာ ၁ ရက်တွင် မြို့တော်ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာန၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာChina National Railway Group Co., Ltd. အား “အမျိုးသားပထမအဆင့် ဖွံ့ဖြိုးရေးဆုတံဆိပ်” Lao China RaiLway Co., Ltd....
ကွေ့ယန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိက အကြီးဆုံး အချက်အလက်သိုလှောင်သိမ်းဆည်းရာ ကွေ့ကျိုးပြည်နယ်က လာမည့် သုံးနှစ်တွင် ပြည်နယ်အတွင်း အခြေခံအဆောက်အဦသစ် တည်ဆောက်ရာ၌ တရုတ်ယွမ်ငွေ ၅၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကွေ့တင့်၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့တင့်ခရိုင်ရှိ ယန်ပေါင်းဆန်းအထူးတံတားကြီးကို အင်္ဂါနေ့က ငြိမ်သက် ဝန်တင်အား စမ်းသပ်မှု ပြုလုပ်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ပညာရေးကဏ္ဍ၌ သုံးစွဲငွေစုစုပေါင်းပမာဏမှာ ယွမ် ၅.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃၁.၃ ဘီလီယံ) ရှိခဲ့ပြီး ယမန်နှစ်ကထက် ၅.၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(FOCAC) သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ထိရောက်မှု နှင့် ခိုင်မာမှုရှိသော စင်္ကြံ တစ်ခုဖြစ်ကာ ကောင်းမွန်သော အကျိုးရလဒ်များ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် နိုဝင်ဘာ ၂၉ ရက်အထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအကြိမ်ရေ ၂.၄၉၉၈၁၃ ဘီလီယံ ရှိပြီဖြစ်ရာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော လူဦးရေ ၁.၁ ဘီလီယံ ကျော် ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက နိုဝင်ဘာ ၃၀...