ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အများပြည်သူဆိုင်ရာနေရာများနှင့် ဖျော်ဖြေရေးနေရာများကို အစီအစဉ်တကျ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက မေ ၈ ရက်တွင် ထုတ်ပြန်သည့် လမ်းညွှန်ချက်အရ သိရသည်။
နန်နင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်ဆိပ်ကမ်းလေးခုအတွက် ပထမဆုံး nucleic acid စစ်ဆေးရေးဓာတ်ခွဲခန်း ဖွင့်လှစ်လိုက်ကြောင်း ဒေသခံ အကောက်ခွန်ရုံးက မေ ၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေး ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ အကြီးအကဲ လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Steven Mnuchin...
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်အဆင့် ဒေသ ၂၈ ခုနှင့် မြို့နှစ်မြို့တွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးသက်သာရေး လုပ်ငန်းများအတွက် ထောက်ပံ့ရန် ဗဟိုအသုံးစရိတ်မှ ယွမ် သန်း ၄၉၀ (အမေရိကန်ဒေါ်လာ ၆၈.၀၈ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း သိရသည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏အမြင့်ကို ပြန်လည်တိုင်းတာရေးလုပ်ငန်း ပြီးပြည့်စုံရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် တရုတ်နိုင်ငံမှ မြေတိုင်းပညာရှင် ၃၀ ဦးကျော်ပါဝင်သော အဖွဲ့သည် အဆိုပါတောင်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ အခြေစိုက်စခန်းသို့ မေလ ၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသော နိုင်ငံတကာပူးတွဲဆောင်ရွက်မှုတွင် ချိတ်ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်၌ ပြောကြားခဲ့သည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ကို ပြန်လည်တိုင်းတာရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာစစ်တမ်းကောက်ယူကြမည့် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင် ၃၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်းမား (Qomolangma) တောင်ခြေ အခြေစိုက်စခန်းမှ မေ ၆ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကျွမ်းကျင်တောင်တက်သမားများနှင့်...
ဝန်ချန်း၊ ဟိုင်နန်၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဧရာမ သယ်ဆောင်ရေးဒုံးပျံအသစ် Long March-5B သည် ကနဉီးပျံသန်းမှုကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာကာသအတွင်းသို့ တရုတ်၏ လူလိုက်ပါနိုင်သော အာကာသယာဉ်မျိုးဆက်သစ် စမ်းသပ်ပုံစံနှင့် ကုန်ပစ္စည်းတင်ယာဉ် (cargo return capsule)...
ဒါကာ ၊ မေ ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကြောင့် တစ်နိုင်ငံလုံး lockdown ချထားစဉ်အတွင်းမှာပင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတားကြီးဖြစ်သော Padma မြစ်ကူးတံတား၏ သံဘောင်(ရက်မ) ၂၉ ခုကို ချိတ်ဆက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း နှင့် ယင်းအတွက် တံတား၏ အရှည်ကို...
တိဘက်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင် (Qomolangma) ခေါ် ဧဝရက်တောင် အခြေစိုက်စခန်းတွင် အမှိုက်စွန့်ပစ်မည့်အဆောက်အအုံများကို တပ်ဆင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။