ပရီတိုးရီးယား ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mduduzi Manana သည် ပြီးခဲ့သော ရက်သတ္တပတ်က ဂျိုဟန်နစ္စဘတ်မြို့ရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် သြဂုတ်လ ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ရသည်။
ဂျိုဟန်နစ်ဘတ် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တောင်အာဖရိက၏ အကြီးဆုံးမြို့ ဖြစ်သည့် ဂျိုဟန်နစ်ဘတ် (Johannesburg) တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရထားနှစ်စင်း တိုက်မိကာ လူပေါင်း ၂၅၀ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အခြေအနေ စိုးရိမ် ရကြောင်း သိရှိရသည်။