Connect with us

Africa & Middle East

တောင်အာဖရိကတွင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိကာ အနည်းဆုံး လူပေါင်း ၂၅၀ ဒဏ်ရာရရှိ

ရထားနှစ်စင်း တိုက်မိခဲ့သည့် Johannesburg မြို့၏ Booysens ဘူတာရုံတွင် ကယ်ဆယ်ရေး အဖွဲ့သားများ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဂျိုဟန်နစ်ဘတ် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တောင်အာဖရိက၏ အကြီးဆုံးမြို့ ဖြစ်သည့် ဂျိုဟန်နစ်ဘတ် (Johannesburg) တွင် ဇူလိုင်လ ၁၇ ရက်နေ့က ရထားနှစ်စင်း တိုက်မိကာ လူပေါင်း ၂၅၀ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အခြေအနေ စိုးရိမ် ရကြောင်း သိရှိရသည်။

တောင်အာဖရိက ကယ်ဆယ်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Santi Steinmann မှ အခင်းဖြစ်ပွားရာ တည်နေရာသည် ဂျိုဟန်နစ်ဘတ် မြို့၏ Booysens ဘူတာရုံ တွင် ဖြစ်ပွားခဲ့ပြီး ရထား တစ်စင်း နှင့် မျက်နှာချင်းဆိုင် မောင်းနှင် လာသော ရထား တိုက်မိကာ တိမ်းမှောက် သွားခဲ့သည်။

Santi Steinmann မှ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နေကြောင်း ၊ တချို့ ခရီးသည် များမှာ ရထားအတွင်း ပိတ်မိ နေကြောင်း ၊ ဒဏ်ရာ ရရှိသူ စာရင်း ပိုမို များပြား လာနိုင်ကြောင်း ၊ ရထား တိုက်မိ သောအကြောင်းအရင်းအား လက်ရှိချိန်တွင် မသိရှိရသေးဘဲ စုံစမ်း နေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဤ အခင်းဖြစ်ပွားမှု သည် ဂျိုဟန်နစ်ဘတ် ၌ ၃ လ အတွင်း ဒုတိယ အကြိမ် ဖြစ်ပွား ခဲ့သည့် ရထားတိုက်မှု ဖြစ်သည်။ ယခုနှစ် ဧပြီလ ၂၈ ရက်နေ့ကလည်း ၎င်းမြို့၏ အရှေ့ဘက် ဘူတာရုံ တစ်ခုတွင် ရထားချင်း တိုက်မိကာ တိမ်းမှောက် ခဲ့ပြီး တစ်ဦးသေဆုံးကာ အယောက် ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။(Xinhua)