ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းတပ်ဖွဲ့များက သတ်မှတ်နေရာအားလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များကို ရုပ်သိမ်းရန် တောင်းဆိုထားကြောင်း၊ ယင်းနေရာကို တိုက်ပွဲအသစ်ဖြစ်ပွားမှုများမှ ကာကွယ်ရန် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဒီဇင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် မည်သည့်...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့နှင့် ဒီဇင်ဘာ ၁၈ ရက်က သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ...
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဆီယံစောင့်ကြည့်ရေးအဖွဲ့ငယ် ဖြန့်ကြက်ထားရန် ထိုင်း-ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးက သဘောတူညီပြီးဖြစ်ကြောင်း၊ မလေးရှားစစ်တပ် အကြီးအကဲက လာမည့်ရက်ပိုင်းအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို သွားရောက်ကာ စစ်ရေးအလွှာတွင် ထိတွေ့ဆက်ဆံမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီဇင်ဘာ ၁၇...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ပိုင်နက်နယ်မြေအပေါ် အဆက်မပြတ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၁၇ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ...
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းပင်လယ်ကွေ့အား အန္တရာယ်မြင့်မားသောဒေသအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘောဒီးယားဘက်သို့ စစ်သုံးပစ္စည်းများ ပို့ဆောင်သည့် လမ်းကြောင်းအား ဖြတ်တောက်ရန်ဖြစ်သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) လေကြောင်းတိုက်ခိုက်မှုများကို ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီရမ်ရိ(ပ်)ပြည်နယ်အထိ တိုးချဲ့လုပ်ဆောင်လာကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီအထိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအရပ်သား...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခဖြစ်ပွားသည့် ၈ ရက်မြောက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ကမ္ဘောဒီးယား အရပ်သားပြည်သူဦးရေ ၃၉၅,၀၀၀ နီးပါးရှိကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ အမှတ်-၁ စစ်ဒေသကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ထိုင်းတော်ဝင်လေတပ်နှင့် ပေါင်းစပ်ညှိနှိုင်းလျက် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းရှိ စစ်ရေးပစ်မှတ်နှစ်ခုအား ဒေသစံတော်ချိန် ၁၆း၀၉ နာရီ၌ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကမ္ဘောဒီးယား၏ လက်နက်ခဲယမ်းသိုလှောင်ရုံများအပြင် လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ဆက်သွယ်ရေးစနစ်များကိုလည်း အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါ...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ၎င်း၏အရပ်ဘက်သုံး အခြေခံအဆောက်အဦများအပေါ် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။