Culture & Entertainment11 years ago
အင်းဝမြို့ဟောင်းရှိ နန်းတော် အုတ်ခုံများအား ပြန်လည် တူးဖော်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာ အနီး အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး အတွင်းရှိ အင်းဝနန်းတော် အုတ်ခုံများကို ပြန်လည် တူးဖော်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။