လာဂိုစ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော် နှင့် ပြည်နယ် ၁၅ ခု၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူ ၃၂၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးစင်တာ(NCDC)က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
လာဂိုစ် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်အတွင်းရှိ ကျေးရွာ ၅ ခုတွင် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၃၅ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ Maradun ဒေသခံအစိုးရအုပ်ချုပ်မှု နယ်မြေအတွင်းရှိ...
လေးဂို့စ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၌ တရုတ်မြို့ပြအင်ဂျင်နီယာဆောက်လုပ်ရေးကော်ပိုရေးရှင်း (CCECC) မှ တာဝန်ယူတည်ဆောက်သည့် Lagos-Ibadan ရထားလမ်း ဖွင့်လှစ်ပြေးဆွဲသည့် အခမ်းအနားကို ဇွန် ၁၀ ရက်က လေးဂို့စ်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari နှင့်အတူ...
လာဂိုစ့်၊ ဇွန် ၆ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းပြည်နယ် ကပ်ဘီ (Kebbi)တွင် ဓားပြများ၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဇွန် ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဘူဂျာ ၊ မေ ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံအစိုးရ၏ မေလ ၂၉ ရက်ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအနောက်မြောက်ပိုင်းတွင် မေ ၂၆ ရက်က ဖြစ်ပွားခဲ့သော စက်လှေတိမ်းမှောက်မှုအတွင်း သေဆုံးသူအရေအတွက်သည် ၇၆ ဦးထိ ရောက်ရှိလာပြီး လူပေါင်း ၂၀ ကျော်ကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။...
လေးဂို့စ်၊ မေ ၂၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် သေနတ်သမားများက လူ ၅၃ ဦးအား ရက်ပေလေးဂို့စ် ါင်များစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များက နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala အား ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က သဘောတူခဲ့ကြောင်း WTO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လေးဂို့စ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော လေးဂို့စ်မြို့ရှိ Oshodi-Apapa အဝေးပြေးလမ်းမပေါ်တွင် ရေနံထွက်ပစ္စည်းများ သယ်ဆောင်လာသော လောင်စာဆီတင်ကားတစ်စီးသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တိမ်းမှောက်သွားခဲ့ပြီး မီးလောင်ပေါက်ကွဲသွားခဲ့ကြောင်းသိရသည်။
ဖနွမ်းပင် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့က နိုင်ဂျီးရီးယား နိုင်ငံသား ၃ ဦးအား မီသာဖက်တမင်း(methamphetamine) အခဲ ကီလိုဂရမ် ၂၀ ကျော် သယ်ဆောင်လာသည်ဟု သံသယ ရှိကာ ဖနွမ်းပင်မြို့၌ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၉...
အဘူဂျာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် တွင် ဇူလိုင် ၁၅ ရက် ၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ...