အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ သမ္မတ Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဝန်ကြီးချုပ် အီမရန်ခန်းလည်း မတ် ၁၈ ရက်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁၀ ရက်တွင် စတင်ခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က ပြောခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ CanSino ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်အတွက် ပါကစ္စတန် ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ခွင့်ပြုလိုက်သည့် ဒုတိယမြောက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးဖြစ်လာခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပါကစ္စတန်နိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံမှ လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂ ရက်၌ စတင်ပြုလုပ်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ပြောကြားခဲ့သည်။