အစ္စလာမ်မာဘတ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၅၇ ဦး ရှိခဲ့ရာ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ တစ်ရက်အတွင်း သေဆုံးသူ အရေအတွက် အမြင့်ဆုံး...
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (DRAP) က တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုလိုက်ကြောင်း အစ္စလာမ်မာဘတ်ရှိ အမျိုးသား ကျန်းမာရေးအင်စတီကျုက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက ဝယ်ယူခဲ့သော Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ် နှင့် CanSino COVID-19 ကာကွယ်ဆေး ပထမသုတ်တို့အား ပါကစ္စတန်နိုင်ငံဘက်သို့ တရားဝင် လွဲပြောင်းပေးအပ်သည့် အခမ်းအနားအား အစ္စလာမ်မာဘတ်မြို့အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်း၌ မတ်...
အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ သမ္မတ Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဝန်ကြီးချုပ် အီမရန်ခန်းလည်း မတ် ၁၈ ရက်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။