မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းအစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားပိုင်ဆိုင်မှုများအား သိမ်းယူရေးကို အတည်ပြုခဲ့ကြောင်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ရုရှားနိုင်ငံနှင့် ပဋိပက္ခအား သံတမန်ရေးရာဖြေရှင်းနည်းကို ထောက်ခံကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခ ကြာရှည်စေရန် အရာအားလုံးကို လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ NATO နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ၊...
ကိဗ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ပေါ်သို့ ဧပြီ ၁၈ ရက်တွင် ဒုံးကျည်တိုက်ခိုက်မှုများအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lviv ဒေသဆိုင်ရာ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်...
မော်စကို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ ကိဗ်ဒေသအတွင်းရှိ လက်နက်ခဲယမ်းစက်ရုံတစ်ရုံအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာအကူအညီ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ အမျိုးသားဘဏ် အကြီးအကဲ Kyrylo Shevchenko ၏ ပြောကြားချက်ကို ကိုးကား၍ Interfax-Ukraine သတင်းအေဂျင်စီက ဧပြီ ၅...
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပဋိပက္ခတိုက်ပွဲတွင် တစ်လ စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀ ခန့် သုံးစွဲခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။