ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှား နှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုရရှိသည်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း နှင့် တရုတ်နိုင်ငံက ယူကရိန်းနိုင်ငံတွင် မြင်တွေ့လိုသည့် တစ်ခုတည်းသောအရာမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၄ ရက်တွင်ပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မော်စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံပတ်ပတ်လည်တွင် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများစွာတည်ထောက်ထားသည့် အခင်းအကျင်းတစ်ခုကို ရုရှားနိုင်ငံက သတင်းအချက်အလက်စစ်ဆေးတွေ့ရှိထားပြီး ယင်းမှာ ဇီဝလက်နက်များဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဧပြီ ၂ ရက်တွင်ပြောကြားခဲ့သည်။
ချုံချင့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ကုန်း-ရေ နှစ်သွယ် ချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့အဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီးသည် ဧပြီ ၂ ရက်က ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့သည်။ ၎င်းသည် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်မည့် လမ်းကြောင်းသစ်ကို...
မော်စကို၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ရုရှားစစ်တပ်က ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း ပေါက်ကွဲလာခြင်းသည် တစ်နေ့တစ်ည တစ်ရက်တည်းကြောင့် မဟုတ်ဘဲ၊ ကာလကြာရှည် ဖြစ်တည်လာသည့် အကြောင်းတရားများကြောင့် ဖြစ်သည်။
ဝါရှင်တန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) “ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ အမေရိကန်နိုင်ငံဟာ သူ့ကိုယ်သူ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံအဖြစ် တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းခဲ့ပါတယ် ။ အီရတ် ၊ ယူဂိုဆလားဗီးယား ၊ အာဂဖန်နစ္စတန် နဲ့ အခြားနိုင်ငံပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့စစ်ပွဲတွေ ဆင်နွှဲရင်း အမေရိကန်ဗိုလ်ကျစိုးမိုးရေးဝါဒအတွက် ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို သုတ်သင်ရှင်းလင်းခဲ့ပါတယ်”...
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ...
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် လက်တလောဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအတွင်း ရုရှားနိုင်ငံနှင့် နျူကလီးယားတင်းမာမှုများ လျော့ကျစေရန်အလို့ငှာ အမေရိကန်နိုင်ငံက Minuteman III တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်ရန် စီစဉ်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း အမေရိကန် လေတပ်က ဆင်ဟွာသို့ ဧပြီ ၁ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ စစ်ရဟတ်ယာဉ်နှစ်စင်းက ရုရှားနိုင်ငံ ဘယ်လ်ဂါရဒ်မြို့ရှိ ရေနံစက်ရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရုရှားမီဒီယာက ဧပြီ ၁ ရက်တွင် ရုရှားဒေသခံအရာရှိ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။