နေမာအနေဖြင့် ဘရာဇီး စီးရီးအေကလပ် ဆန်းတို့စ်အသင်းနှင့် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း ကလပ်အသင်းက ဇွန် ၂၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ဘာစီလိုနာနှင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် နေမာမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ဟီလာနှင့် လမ်းခွဲခဲ့ပြီးနောက် ငယ်ဘဝကလပ်အသင်းဖြစ်သည့် ဆန်းတို့စ်အသင်းထံ ခြောက်လစာချုပ်ဖြင့် ဇန်နဝါရီလအတွင်းက ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။...
— ကလပ်ကမ္ဘာ့ဖလားတွင် အော့ကလန်စီးတီးနှင့် ဘိုကာဂျူနီယာ သရေကျခဲ့ပြီး ချဲလ်ဆီး ၁၆ သင်းအဆင့်သို့ တက်ရောက် ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စု-C ပွဲစဉ်တွင် ဘင်ဖီကာက ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့ပြီး အော့ကလန်စီးတီးကလည်း ဘိုကာဂျူနီယာကို ၁-၁...
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေမှာ အစာအိမ်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးရုံတက်ကာ ကုသမှုခံနေရကြောင်း ကလပ်အသင်းက ဇွန် ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အမ်ဘာပေမှာ မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ဆော်ဒီကလပ် အယ်လ်-ဟီလာနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အား လွဲချော်ခဲ့သည်။ “ကျွန်တော်တို့အသင်းရဲ့...
— ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်အား ပရိသတ်စိတ်ဝင်စားမှုများပြား ရီးရဲလ်မက်ဒရစ်အနေဖြင့် ၎င်း၏ ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲဦးထွက်အဖြစ် မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်းတွင် ဇွန် ၁၈ ရက်၌ အယ်လ်ဟီလာအသင်းနှင့် ယှဉ်ပြိုင်မကစားမီ ထိုပွဲစဉ်အပေါ် ပရိသတ်များက ကြီးကြီးမားမား...
အာဂျင်တီးနား ဆယ်ကျော်သက်ကြယ်ပွင့် ဖရန်ကို မာစတန်တူနိုအား ရေးဗားပလိတ်အသင်းထံမှ ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က အတည်ပြုကြေညာခဲ့သည်။ ရီးရဲလ်မက်ဒရစ်အနေဖြင့် အခြား ဥရောပအသင်းကြီးများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်၍ အဆိုပါ အသက် ၁၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ မာစတန်တူနိုမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရခဲ့သည့် အသက်အငယ်ဆုံး ကစားသမားဖြစ်သည်။ အဆိုပါ...
— ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား ၃၄ ဦး ရွေးချယ် အမေရိကန်နိုင်ငံတွင် မကြာမီကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရီးရဲလ်မက်ဒရစ် နည်းပြသစ်ဖြစ်သူ ဇာဘီ အလွန်ဆိုက ကစားသမား ၃၄ ဦး ပါဝင်သော လူစာရင်းအား ရွေးချယ်ခဲ့သည်။ နည်းပြအလွန်ဆိုမှာ အီဒါ မီလီတို၊ ဒါနီ ကာဗာဟယ်၊...
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားသစ်ဖြစ်သူ ဒင်းဟူဆန်အား အသင်း၏ လေ့ကျင့်ရေးကွင်း ဗာလ်ဒီဘီဘတ်စ်တွင် ဇွန် ၁၀ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။ ဘုန်းမောက်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံ ယူရိုသန်း ၆၀ နီးပါးဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် ဟူဆန်၏ အပြောင်းအရွှေ့အား မေ ၁၇ ရက်က အတည်ပြုကြေညာနိုင်ခဲ့သော်လည်း...
စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ကာလို အန်ဆယ်လော့တီ၏ နေရာတွင် ဇာဘီ အလွန်ဆိုအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း မေ ၂၅ ရက်၌ ကြေညာခဲ့သည်။ ရီးရဲလ်ဆိုစီဒက်-ဘီ အသင်းနှင့် လေဗာကူဆင်အသင်း နည်းပြဟောင်းဖြစ်သူ အလွန်ဆိုမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကာ ယခုနွေရာသီတွင် ကျင်းပမည့်...
ယခုနွေရာသီ၌ ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးတွင် အသင်းမှထွက်ခွာတော့မည်ဟု ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်က မေ ၂၂ ရက်၌ ကြေညာခဲ့သည်။ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် အသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားသည့်ပွဲစဉ် ဖြစ်လာမည့် မေ ၂၄ ရက် ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ပွဲစဉ်မတိုင်မီ နှစ်ရက်အလို၌ အသက် ၃၉...
— ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို ဘာစီလိုနာအသင်း၏ ဘရာဇီး တိုက်စစ်ကစားသမား ရာဖင်ညာမှာ ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကလပ်အသင်းက မေ ၂၂ ရက်၌ အတည်ပြုကြေညာခဲ့သည်။ “ဘရာဇီး တိုက်စစ်ကစားသမားဟာ ကလပ်အသင်းရုံးခန်းမှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ၊...