မော်စကို ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ရန်စတင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ဥရောပသမဂ္ဂက လုပ်ဆောင်ခဲ့သည့် ရန်လိုသောအစီအမံများအား လက်တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုများတွင် ရူဘယ်ငွေပေးချေမှုများကို ပိုမိုအသုံးပြုသွားမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။ “ဒါက ငွေပေးချေမှုတွေရဲ့ ရှေ့ပြေးပုံစံစနစ် တစ်ခု ဖြစ်နေဆဲပါပဲ ။...
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပဋိပက္ခတိုက်ပွဲတွင် တစ်လ စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀ ခန့် သုံးစွဲခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဟဲဖေ ၊ မတ် ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ မတ် ၃၀ ရက်တွင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နှစ်ဘက်စလုံးက...
ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံမှ သံတမန် စုစုပေါင်း ၁၀ ဦးကို နှင်ထုတ်လိုက်ကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားမှုများသည် မကောင်းဆိုးဝါးအစီအစဉ်တစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရုရှားနိုင်ငံ၏ RIA Novosti သတင်းအေဂျင်စီက မတ် ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
ဘာလင် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဓာတ်ငွေ့ပေးပို့မှုများအတွက် ရူဘယ်ငွေကြေးဖြင့် ပေးချေရန် တောင်းဆိုချက်အား ပယ်ချရန် Group of Seven (G7) က သဘောတူခဲ့ကြောင်း ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ ၊ မတ် ၂၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ အာဒိုဂန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် ရုရှား-ယူကရိန်း စေ့စပ်ညှိနှိုင်းမှု နောက်တစ်ကြိမ်ကို တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မြို့၌ ကျင်းပရန် မတ် ၂၇ ရက်တွင် သဘောတူခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတရုံးက ပြောကြားခဲ့သည်။...