မော်စကို ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားနှင့် ဆွေးနွေးရန်အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့နှစ်ဦးလုံးသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆွေးနွေးရာ၌ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ စစ်ပွဲအား ရှောင်ကြဉ်ရန် နှင့် သံတမန်ရေးရာကြိုးပမ်းမှုများမှတစ်ဆင့် အကျပ်အတည်းအား ဖြေရှင်းရန် လိုအပ်ကြောင်းကို...
အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားရေတပ်မှ Kilo-class ရေငုပ်သင်္ဘောတစ်စင်းသည် ဖေဖော်ဝါရီ ၁၃ ရက်က တူရကီနိုင်ငံ Bosphorus ရေလက်ကြားအား ဖြတ်သန်းကာ ပင်လယ်နက်လမ်းကြောင်းသို့ မောင်းနှင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အကြား ဖေဖော်ဝါရီ ၄ ရက်တွင် ဆွေးနွေးမှုများသည် အလွန်အောင်မြင်ခဲ့ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Le Yucheng က မီဒီယာများအား ပြောကြားခဲ့သည်။
မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့သင်္ဘော အစီး ၂၀ ကျော်သည် ပင်လယ်နက်အတွင်း လေ့ကျင့်ရေးပြုလုပ်ရန်အတွက် ၎င်းတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဖရီးဂိတ်များ ၊ ကင်းလှည့်သင်္ဘောများ...
မော်စကို ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့ရေယာဉ် စုစုပေါင်း အစီး ၂၀ သည် လေ့ကျင့်မှုများ ပြုလုပ်ရန် ဘောလ်တစ်ပင်လယ်၏ သတ်မှတ်ထားသည့် ဧရိယာများသို့ ဝင်ရောက်လာခဲ့ကြောင်း ရုရှားနိုင်ငံ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။...
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇန်နဝါရီ ၁၁ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ အခြေအနေတို့အပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စစ်မဟာမိတ်အဖွဲ့(NATO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံတစ်ဝိုက် စစ်ရေးကြီးထွားလာခြင်း နှင့် ကျယ်ပြန့်သော ဥရောပလုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးရန် ဇန်နဝါရီ ၇ ရက်တွင် virtual အထူးအစည်းအဝေးတစ်ရပ်အား ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ဇန်နဝါရီ ၄...