ပေကျင်း ၊ မေ ၁၉ ရက် (ဆင်ဟွာ) တရုတ်-ရုရှား နှစ်နိုင်ငံခေါင်းဆောင်အနေဖြင့် နှစ်နိုင်ငံ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ အတူတကွ တက်ရောက်သွားမည့်အကြောင်းအရာနှင့် ပတ်သက်၍ မေလ ၁၈ ရက်၌ ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က...
မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ) အမေရိကန် Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်မသက်ဆိုင်သော်လည်း အင်တာနက်ရာဇဝတ်မှုကျူးလွန်မှုနှင့်ပတ်သတ်ပြီး ရုရှားသမ္မတ ပူတင်နှင့် အချိန်မီတွေ့ဆုံပြောကြားသွားလိုကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုသည် ရုရှားအစိုးရနှင့်သက်ဆိုင်သည်ဟု အမေရိကန်အနေဖြင့်...
မော်စကို ၊ မေ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ အကြီးဆုံးပိုက်လိုင်းတစ်ခုအား မကြာသေးမီက ငွေညှစ်သည့်ဆော့ဖ်ဝဲလ်အမျိုးအစား( ransomware) ဖြင့် တိုက်ခိုက်ခံရမှု နှင့်ပတ်သက်၍ ရုရှားအနေဖြင့် လုပ်စရာအကြောင်းမရှိဟု ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာဇန်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၁ ရက်၌ တိုက်ခိုက်သူနှစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၉ ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော COVID-19 ကာကွယ်ဆေး Sputnik Light ကို ရုရှားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေး ဖော်ထုတ်သူနှင့် ပံ့ပိုးသူတို့က မေ ၆ ရက်၌ ကြေညာခဲ့သည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် ၂၈ ရက်အတွင်း...
မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov အား အမြောက်အမြားထုတ်လုပ်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။
ဒါကာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးက တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရှေ့ပိုင်းအခြေအနေ ပိုမိုတင်းမာလာသည့်အချိန် ပင်လယ်နက်ရှိစစ်ရေးတည်ရှိမှုကို ရုရှားနိုင်ငံက အားဖြည့်ဆောင်ရွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် ရုရှားကက်စပီယံစစ်သင်္ဘောအုပ်စု သင်္ဘော (၁၅)စီးသည် ဧပြီ ၁၇ ရက်က ခက်ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရုရှားမြောက်ပိုင်းရေယာဉ်အုပ်စုမှ ကမ်းတက်စစ်ဆင်ရေးရေယာဉ်...