ဝူးလူမုချိ၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် အခြေခံပညာ အထက်တန်းသင်ယူပြီးမြောက်ကြတော့မည့် ကျောင်းသားများအတွက် စာသင်နှစ်နှောင့်နှေးသွားခဲ့သော စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ပြင်းထန်စွာကန့်ကွက်နေသည့် “ ဝေဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉” ဟူ၍ အမည်ပေးထားသော ဥပဒေတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်ခြင်းအပေါ် ကမ္ဘာ့နိုင်ငံများ နှင့် ကျွမ်းကျင်ပညာရှင်များစွာက ဆန့်ကျင်ရှုတ်ချလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Qin Gang သည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီဒုတိယအကြီးအကဲ Willian Klein အား အမေရိကန်အောက်လွှတ်တော်အမတ်များ၏ ရှင်းကျန်းဆိုင်ရာဉပဒေကြမ်း အတည်ပြုမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း တရားဝင်ကြေညာချက်ပေးရန် နှင့် ဆန့်ကျင်မှုပြုရန် ဒီဇင်ဘာ ၄...