Connect with us

Politics, Law & Military

အမေရိကန်မှ ရှင်းကျန်းနှင့်ပတ်သက်သော လိမ်လည်မှုများ ဖန်တီးခြင်းက ၎င်း၏ဂုဏ်သတင်းပျက်ပြားမှုကိုသာ ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက သတင်းအချက်အလက် အတုအယောင်များဖြင့် ရှင်းကျန်းနှင့် ပတ်သက်သော သတင်းစကားများကို ကြိုးကိုင်ထိန်းချုပ်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ Global Engagement Center မှ သက်ဆိုင်ရာ အစီရင်ခံစာများ၏ ပုတ်ခတ်ပြောဆိုမှုများသည် ပြစ်တင်စွပ်စွဲလိုသူ၏ တာဝန်ရှောင်လွှဲ၍ ပြန်လည်အပြစ်တင်ခြင်း၊ သူခိုးကလူဟစ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သြဂုတ် ၂၉ ရက်တွင် ထောက်ပြပြောကြားခဲ့သည်။ အမေရိကန်မှ ရှင်းကျန်းနှင့် ပတ်သက်သည့် လိမ်ညာမှုများအား မည်သို့ပင် ဖန်တီးစေကာမူ လူတို့၏ အမြင်ကို ဖုံးကွယ်နိုင်မည်မဟုတ်ကြောင်း၊ ရှင်းကျန်းဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတကာမှ တရုတ်နိုင်ငံကို ထောက်ခံသည့် တရားမျှတသောအသံကိုလည်း ဖုံးလွှမ်းသွားနိုင်မည် မဟုတ်ကြောင်း၊ ယင်းလုပ်ဆောင်ချက်များက အမေရိကန်၏ ဂုဏ်သတင်းပျက်ပြားမှုကိုသာ ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

…………………………………………
外交部发言人:美方编造涉疆谎言只会加速自身信誉破产
新华社北京8月29日电(记者温馨)外交部发言人赵立坚29日指出,美国国务院全球接触中心有关报告污蔑中方以虚假信息操纵涉疆舆论,完全是倒打一耙、贼喊捉贼。美方编造再多的涉疆谎言,也蒙蔽不了世人的眼睛,破坏不了新疆和谐稳定,更掩盖不住国际社会支持中国的正义之声,只会加速美国自身信誉的破产。