ဘေရွတ် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး ရည်ရွယ်သော လှုပ်ရှားမှုတစ်ခုအဖြစ် အီရန်နိုင်ငံမှ လောင်စာဆီများ သယ်ဆောင်လာသည့် ဆီတင်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း al-Manar ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုအရ သိရသည်။
ဘေရွတ် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၏ လောင်စာဆီပြတ်လပ်မှုသည် နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းကြားတွင် ပိုမိုဆိုးရွားလာကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံ၌ ယာဉ်မောင်းများသည် ၎င်းတို့၏ မော်တော်ယာဉ်များအား ဆီဖြည့်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းကြရပြီး ဓာတ်ဆီဆိုင်ပြင်ပတွင် တန်းစီနေကြသည့် မော်တော်ယာဉ်တန်းရှည်များကို အမြဲလိုလို တွေ့မြင်နေရသည်။ လက်ဘနွန်နိုင်ငံ အိမ်စောင့်အစိုးရအဖွဲ့ နှင့်...
ကူမင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၂၀၅ ဦး ပါဝင်သော အုပ်စုအသစ်တစ်သုတ်သည် တစ်နှစ်ကြာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတာဝန်အတွက် ဇူလိုင် ၂၈ ရက်တွင် လက်ဘနွန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အုပ်စုသစ်သည် အရှေ့အလယ်ပိုင်းဒေသရှိ လက်ဘနွန်နိုင်ငံသို့ တရုတ်နိုင်ငံမှ စေလွှတ်သော...