ဘေရွတ်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြောက်ပိုင်း Qoubaiyat ကျေးရွာတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုသည် ဒုတိယရက်မြောက်အဖြစ် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသတွင်းမီဒီယာတစ်ခုတွင် ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံနေထိုင်သူများက မီးငြှိမ်းသတ်ရန် ရေကားများ စုဆောင်းပေးခဲ့ကြောင်း၊ တချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံ၏ မီးသတ်တပ်ဖွဲ့နှင့်...
ဘေရွတ်၊မေ ၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ အနောက် Bekaa ဒေသရှိ Qaraoun ရေကန်ကြီး၏ ကမ်းစပ်တွင် မကြာသေးမီက ငါးအမြောက်အမြားသေဆုံးလျက်ရှိရာ ယင်းနေရာ၌ ပိုမိုဆိုးရွားလာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုအနေအထားအပေါ် သတိပေးခေါင်းလောင်းထိုးသံ တစ်ခုဖြစ်ကြောင်း သိရသည်။
ဘေရွတ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး လက်ဘနွန်-ဆီးရီးယားနယ်စပ်အနီးရှိ လက်ဘနွန် လောင်စာသိုလှောင်ရုံတစ်ခုတွင် ဇန်နဝါရီ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတွင် ဩဂုတ် ၄ ရက်က ဘေရွတ်မြို့တော် ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော ကြီးမားသည့်ပေါက်ကွဲမှုအတွင်း အစိတ်အစိတ်အမွှာမွှာ ကွဲကြေသွားသည့် ဖန်ကွဲစများသည် အလေးချိန် တန် ၅,၀၀၀ မှ ၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။
ဘေရွတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့ပြကာကွယ်ရေးအဖွဲ့က ဘေရွတ်မြို့ဆိပ်ကမ်းတွင် စက်တင်ဘာ ၁၀ ရက် အစောပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ကြောင်း ဒေသတွင်း ရုပ်သံလိုင်း al-Jadeed က သတင်းဖော်ပြခဲ့သည်။
ဘေရွတ်၊ ဩဂုတ်၁၂ ရက် (ဆင်ဟွာ) ပြည်သူလူထု၏ပြုပြင်ပြောင်းလဲရေးတောင်းဆိုသံအတွက်လက်ဘနွန်နိုင်ငံဝန်ကြီးချုပ်Hassan Diabသည်အစိုးရတစ်ဖွဲ့လုံးရာထူးမှနုတ်ထွက်ရန်ဩဂုတ်၁၀ရက်တွင်ကြေညာခဲ့သည်။လက်ဘနွန်ဆိပ်ကမ်း၌ဩဂုတ်၄ရက်ကပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ဘေရွတ်တွင်နေ့စဉ်ရက်ဆက်ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာလက်ဘနွန်အားနိုင်ငံရေးအကျပ်အတည်းမီးတောက်လောင်စေခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်ပွားပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟတ်ဆန် ဒီယက် (Hassan Diab) က ၎င်း၏ အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ကြောင်း ဩဂုတ် ၁၀...
ပဲရစ် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လွန်ခဲ့သော ငါးရက်က ဘေရွတ်ဆိပ်ကမ်း၌ ကြီးမားသော ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရသည့် လက်ဘနွန်ပြည်သူများအား ကူညီရန် ကုလသမဂ္ဂ၏ ဦးဆောင်မှုအောက်တွင် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် အချိန်နှင့်တစ်ပြေညီ လုံလောက်သော အကူအညီများ ပေးရန် ဩဂုတ် ၉ ရက်တွင် ကတိပြုခဲ့ကြသည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ ဘေရွတ် ဆိပ်ကမ်းတွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်မှာ နည်းပါးသွားပြီဖြစ်ကြောင်း လက်ဘနွန် စစ်တပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ဖြစ်ပွားလျက်ရှိသော ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုများသည် ဩဂုတ် ၉ ရက်အထိ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။