ဗီယင်ကျန်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း၏ လာအိုနိုင်ငံအပိုင်း ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှု သတင်းအချက်အလက်စနစ် စမ်းသပ်မှုလုပ်ငန်းများ ပြီးခဲ့သည့်ရက်က အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ စမ်းသပ်မှုတွင် ရထားလမ်းကြောင်းတစ်လျှောက်ရှိ အသစ်တည်ဆောက်သည့် ဘူတာများအားလုံး၌ ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုသတ်မှတ်ချက်နှင့်ကိုက်ညီပြီး တရုတ်-လာအိုရထားလမ်း အရည်အသွေးမြင့် ဖွင့်လှစ်နိုင်ရေးအာမခံဖြစ်စေခဲ့ကြောင်း သိရသည်။ China Railway...
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) “ဆောက်လုပ်ရေးတစ်ပိုင်းလုပ်ပြီးရင် စိမ်းလန်းစိုပြည်အောင်တစ်ပိုင်းလုပ်ရတယ် ၊ ဒါက ထိရောက်မြင့်မားတဲ့ ဆောက်လုပ်ရေးတောင်းဆိုချက်တင်မဟုတ်ဘူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တဲ့ဆောက်လုပ်ရေးဖြစ်ဖို့ စဉ်းစားတာလည်းပါတယ်၊ နည်းနည်းမှ လျော့တိလျော့ရဲလုပ်လို့မရပါဘူး”ဟု China Railway ErJu 6th Engineering Co.,Ltd၏ တရုတ်-လာအိုရထားလမ်းစီမံကိန်း အင်ဂျင်နီယာချုပ် ဟွမ်သိုက်ဝန်က ပြီးခဲ့သည့်ရက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင်...
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသော လာအို Mahosot အထွေထွေရောဂါကုဆေးရုံစီမံကိန်း ပထမအဆင့် တည်ဆောက်ပြီးစီးမှု လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်က လာအိုဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက လူနာအဆောင်၊ ကူးစက်ရောဂါလူနာဆောင် အသစ်ဆောက်လုပ်မှုများ ပါဝင်သည့်...
ဗီယင်ကျန်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ကျန်းမာရေးဝန်ထမ်းများအတွက် COVID-19 အားဖြည့်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် (အားဖြည့်) ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများအတွက် အနည်းဆုံး ဆေးအကြိမ်ရေ ၇၀,၀၀၀ စာ ထိုးနှံပေးခြင်းနှင့်အတူ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင်...
ဗီယင်ကျန်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) စီးပွားရေး ပညာရှင်များနှင့် ဥပဒေပြုသူများက လာအိုအစိုးရအား ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန် ပိုမိုလုပ်ဆောင်နေစဉ်တွင် တရုတ်-လာအို မီးရထားလမ်းမှ ပေးအပ်သည့် အကျိုးကျေးဇူးများအား အသုံးချ၍ စီးပွားရေး တိုးတက်မှု မြှင့်တင်ရန် တိုက်တွန်းထားသည်။ ရထားလမ်းသည် နိုင်ငံခြား ခရီးသွားဧည့်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်မှုကို...
ဗီယင်ကျန်း ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စတင်ခြင်းအပါအဝင် လာအိုနိုင်ငံအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ခြေလှမ်းများကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဝန်ကြီးချုပ် Phankham Viphavanh က လာအိုအမျိုးသားလွှတ်တော်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားလွှတ်တော်(NA) ၏ နဝမအကြိမ် ဥပဒေပြုရေး ဒုတိယပုံမှန်အစည်းအဝေးအား...
ဗီယင်ကျန်း ၊ နိုင်ဝင်ဘာ ၁ ရက်(ဆင်ဟွာ) လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန် စီစဉ်ထားသော လာအို နှင့် တရုတ် နှစ်နိုင်ငံက count down ပြုလုပ်၍ တရုတ်-လာအို ရထားလမ်းကြီးအား ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းများ အပြည့်အဝဆောင်ရွက်ထားကြရန် လာအိုနိုင်ငံအစိုးရက ပြောကြားခဲ့ကြောင်း သိရသည်။...
ဗီယင်ကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ) ပထမဆုံး စွမ်းအားပြည့်စမ်းသပ်မောင်းနှင်ရထားကြီး (dynamic testing) သည် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီးမှ ဗိုတန်သို့ စတင်မောင်းနှင်ထွက်ခွာလာခြင်းနှင့်အတူ တရုတ်-လာအို ရထားလမ်း ဗိုတန်-ဗီယင်ကျန်းအပိုင်းသည် ရထားပြေးဆွဲရန် စက်မှုစမ်းသပ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံ နိုင်ငံဖြတ်ကျော်ရထားလမ်း ဖွင့်လှစ်လည်ပတ်ရန်အချိန် ရောက်ရှိတော့မည့် သင်္ကေတ တစ်ခုဖြစ်ခဲ့ကြောင်း China Railway...
ဗီယင်ကျန်း၊အောက်တိုဘာ ၁၈ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာသစ်ကြီးတွင် စနေနေ့က “လန်ချန်း”အမည်ရှိ တရုတ်စံချိန်စံညွှန်းဖြင့်တည်ဆောက်ထားသည့် ကျည်ဆန်ရထား(EMU)ဧည့်သည်သစ်ကြီးအား ကြိုဆိုခဲ့ကြသည်။ “လန်ချန်း” ရထားကြီးကို CRRCCorporationက တည်ဆောက်ခြင်းဖြစ်ပြီး နာမည်ကျော် Fuxing ကျည်ဆန်ရထားကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အဆိုပါရထားကို ဗီယင်ကျန်းရှိ ဖက်စပ်ကုမ္ပဏီ Laos-China Railway Co.,Ltd.သို့ လွှဲပြောင်းပေးခဲ့ခြင်း...